ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်

မြန်မာစစ်အုပ်စုရဲ့ အတိုက်အခံတွေနဲ့ နောက်ထပ် ဆွေးနွေးမှုတွေပြုလုပ်ဖို့ မျှော်လင့်ကြောင်း အာ ဆီယံအဖွဲ့ လက်ရှိဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက ပြောကြားခဲ့ပြီး ရွေးကောက်ပွဲကို မထောက်ခံဘူးလို့ ဆိုပါ တယ်။

“ကျွန်မ မြန်မာရွေးကောက်ပွဲကို မထောက်ခံပါဘူး” လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ် စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက ပြောပါတယ်။

“ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲတွေကို ထောက်ခံအားပေးနေတာ မဟုတ်ပေမယ့် ဒီဖြစ်ရပ် တွေကနေ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ကျွန်မတို့ ကြိုဆိုပါတယ်” လို့ ၎င်းက ရိုက်တာသတင်းဌာ နနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒီသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၊ Tagaytay မြို့မှာကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ အ ကြမ်းဖက်မှုလျှော့ချရေး၊ အကူအညီပေးမှု ချောမွေ့ရေးနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ အရှိန်မြှင့်ရေးတို့ အဓိ က ဆွေးနွေးခဲ့တယ်လို့ လာဇာရိုက ဆက်ပြောပါတယ်။

ချင်းအမျိုးသားတပ်ဉီး (CNF) က နှစ်ရက်ကြာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း အတည်ပြုခဲ့ ပြီး အဖွဲ့အားလုံးနဲ့ ဆွေးနွေးဖို့ ဆောင်ကြဉ်းပေးတဲ့ လာဇာရိုအား ချီးကျူးခဲ့ပါတယ်။

ဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လည်း တက်ရောက်ခဲ့တယ်လို့ လာဇာရိုက အ တည်ပြုခဲ့ပါတယ်။

အာဆီယံအဖွဲ့နဲ့ မြန်မာနိုင်ငံတို့ ၂၀၂၁ ခုနှစ်မှာ သဘောတူထားတဲ့ ငြိမ်းချမ်းရေး စီမံချက်ချမှတ် ရေးအပေါ် မြန်မာ နိုင်ငံရေးနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ အပြုသဘောဆောင်သော၊ အဓိပ္ပာယ်ရှိသော အ မြင်မျှဝေမှုတွေက အားရှိစေတယ်လို့ လာဇာရိုက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Asean chair Philippines hopes to widen talks with anti-junta forces in Myanmar