ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂါဇာကမ်းမြောင်ဒေသ အသွင်ကူးပြောင်းရေး အုပ်ချုပ်မှု ကို ကြီးကြပ်ဖို့ သူ ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ‘ငြိမ်းချမ်းရေးဘုတ်အဖွဲ့’ လက်မှတ်ရေးထိုးပွဲ ကို တက်ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး အောင်မြင်ဖို့ ပိုမိုကျယ်ပြောသော အခန်းကဏ္ဍမှ ပါဝင်လိုတဲ့ဆန္ဒရှိတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပလျက်ရှိရာ ဆွစ်ဇာလန်နိုင်ငံမှာ ကြာသပတေးနေ့ကကျင်းပတဲ့ ငြိမ်း ချမ်းရေးဘုတ်အဖွဲ့ ဖွင့်လှစ်ပွဲမှာ ၎င်းက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။

ဂါဇာဒေသကို စစ်မဲ့ဇုန်လုပ်ကာ လှပစွာ ပြန်လည်တည်ဆောက်မှာဖြစ်ကြောင်း၊ ကုလသမဂ္ဂဟာ အားသာချက်တွေရှိပေမယ့် အသုံးမချတတ်ကြောင်း သူက ဆိုပါတယ်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို သနားကြင်နာတတ်သော လူသားများနဲ့ ပေါင်းစပ်ခြင်းဟာ ကမ္ဘာကြီး အတွက် အလွန် ကောင်းမွန်ပြီး ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးရရှိတော့မယ်လို့ ဒေါ်နယ်ထရမ့်က ဆက်ပြော ပါတယ်။

နိုင်ငံ ၂၀ ခန့်မှ ခေါင်းဆောင်တွေ၊ အကြီးတန်း တာဝန်ရှိသူတွေဟာ အခမ်းအနားသို့ တက်ရောက်ခဲ့ ပါတယ်။ တက်ရောက်သူတွေထဲမှာ ဂါဇာ ငြိမ်းချမ်းရေး အစီအစဉ်ကို ဉီးဆောင်တဲ့ အမေရိကန်၊ ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ဖျန်ဖြေသူ ကာတာမှ အကြီးတန်း အရာရှိတွေ ပါဝင်ပါတယ်။

ဥရောပနဲ့ အခြားနိုင်ငံတွေဟာ အမေရိကန်နိုင်ငံဉီးဆောင်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့နဲ့ပတ်သက် လို့ သံသယတွေ မြင့်တက်နေပါတယ်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ မပါဝင်ဘူးလို့ ပြင်သစ်နိုင်ငံက ကြေညာခဲ့ပါတယ်။ ငြိမ်းချမ်းရေးဘုတ် အဖွဲ့ရဲ့လုပ်ပိုင်ခွင့်ဟာ ဂါဇာမူဘောင်ကို ကျော်လွန်နေတယ်လို့ ပြင်သစ်နိုင်ငံက ဆိုပါတယ်။

ကိုးကား – NHK
Ref; Trump launches Board of Peace with hopes it will take global peacemaker role