ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

 

နိုင်ငံတကာတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အမှုရင်ဆိုင်နေရချိန်အတွင်း ICJ ကို ဆန္ဒပြမည့် သူများ အမုန်းစကားများ မပြောဆိုရန် စစ်ကော်မရှင်က သတိပေးချက်ထုတ်ပြန်ခဲ့သော် လည်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ကမူ “ကုလားဆိုးသောင်းကျန်းသူ” ဟူသော အမုန်းစကားကို လူသိရှင်ကြား သုံးနှုန်းခဲ့ကြောင်း သိရသည်။

 

နိုင်ငံတကာတရားရုံး၏ တရားသူကြီးများကို ဝေဖန်ခြင်းနှင့် လူမျိုးရေးအမုန်းစကား ရေးသားပြောဆို ခြင်းများ အထူးဆင်ခြင်ရန် စစ်ကော်မရှင်၏ “သတင်းထုတ်ပြန်ရေးအဖွဲ့” က ဇန်နဝါရီ ၂၁ ရက် ညပိုင်းတွင် ၎င်းတို့ပိုင်မြဝတီရုပ်သံမှတစ်ဆင့် ထုတ်ပြန်သတိပေးခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများရှောင်ရန်နှင့် ရိုဟင်ဂျာများကို အမုန်းစကားဖြင့် တိုက်ခိုက်ခြင်းမပြုရန် အချက် (၄) ချက်ဖြင့် လမ်းညွှန်ထားပြီး လာမည့် ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်မည့် ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင်လည်း လိုက်နာရန် ပါရှိသည်။

 

သို့သော်လည်း ယင်းသတိပေးချက် ထွက်ပေါ်လာသည့်နေ့မှာပင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ အရာရှိ၊ စစ်သည်မိသားစုဝင်များနှင့် တွေ့ဆုံစဉ် “ကုလားဆိုးသောင်း ကျန်းသူများကို နှိမ်နင်းခဲ့ရသည်” ဟု လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းကို အသုံးပြု၍ ပြောဆို ခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်ထုတ် စစ်ကော်မရှင်ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

 

စစ်ကော်မရှင်သည် နှစ်ပေါင်းများစွာ မွတ်ဆလင်နှင့် ရိုဟင်ဂျာဆန့်ကျင်ရေးဝါဒကို အသုံးချကာ မဘသကဲ့သို့ အစွန်းရောက်အဖွဲ့များဖြင့် မြှောက်ပင့်ပေးခဲ့ပြီး ယခုအခါ ICJ ဖိအားကြောင့် နောက် လိုက်များကို ပြန်လည်ထိန်းချုပ် လာခြင်းဖြစ်သည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)