‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၂၂ ရက်

‎စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်သည့်အတွက် ပကဖအဖွဲ့ဝင်များထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

‎စစ်ကော်မရှင်က တိုက်လေယာဉ်ဖြင့် ယမန်နေ့ ဇန်နဝါရီ ၂၁ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့‌ကြောင်း Indaw Revolution ကထုတ်ပြန်သည်။

အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်နှစ်လုံး၊ အဆောက်ဦးတစ်ခုပျက်စီးပြီး နွားတ‌စ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

‎”နေရာအတိအကျတွေနဲ့ ဗုံးကြဲနေတာပါ။ ကောလင်းကိစ္စဆိုလည်း တိုက်ပွဲအတွက် လူရှိနေချိန် အသေခံဒရုန်းတွေပါ စိုက်ဆင်းသွားတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပြီးခဲ့သည့် ဇန်နဝါရီ ၂ရက်နေ့ကလည်း မော်လူးမြို့၊ ပဲခူးရွာနဲ့ ရွာရှည်ကြားကို စစ်ကော်မရှင်က လေယာဉ်နှင့်ဗုံးကြဲခဲ့သည့်အတွက် G12 ကျောင်းသူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

‎တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းနေရာများကို စစ်ကော်မရှင်က နေရာအတိအကျဖြင့် လေကြောင်းတိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ရက် နေ့လယ် နှစ်နာရီအချိန်ခန့်က ကောလင်းမြို့ အရှေ့ခြမ်းကို ဂျက်ဖိုက်တာဖြင့် ဗုံးသီး နှစ်လုံး၊ ကာမီကာဇေ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ပကဖအဖွဲ့ဝင်များအပါအဝင် ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။

‎ကောလင်းမြို့နယ်အတွင်းသို့ ဝန်းသို ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တို့မှ အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ကြောင်းဝင်ရောက်လျက်ရှိပြီး လမ်းကြောင်းတစ်‌လျှောက်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီး သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

 

ဓါတ်ပုံ- Indaw Revolution
ပုံစာ- ဗုံးကြဲတိုက်ခိုက်ခံရသည့် မာန်ဟဲရွာ