ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂရင်းလန်ကျွန်းအရေးနဲ့ပတ်သက်လို့ ဥရောပနိုင်ငံတွေ အပေါ် စည်းကြပ်ခွန်တိုးကောက်ဖို့ ခြိမ်းခြောက်တာ လေသံလျှော့လာခဲ့တယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တော်မှာ နေတိုးအဖွဲ့ အကြီးအကဲ မတ်ခ်ရုတေးနဲ့ အပြုသဘောဆောင် တဲ့ တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
အာတိတ်ဒေသတစ်ခုလုံးကို လွှမ်းခြုံစေတဲ့ အနာဂတ် သဘောတူညီချက်တစ်ရပ် မူဘောင်ဖန် တီးဖို့ ၎င်းတို့နှစ်ဉီး သဘောတူခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒေါ်နယ်ထရမ့်က မတ်ခ်ရုတေးနဲ့ ဆွေးနွေးမှုတွေကို လူမှုကွန်ရက်မှာ ကြေညာခဲ့ပြီး သဘောတူ ညီချက်ဟာ နေတိုးတစ်ဖွဲ့လုံးကို အကျိုးဖြစ်စေမယ်လို့ နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောပါ တယ်။
အမေရိကန်နိုင်ငံရဲ့ ဂရင်းလန်ကျွန်းကို သိမ်းယူမယ့်အစီအစဉ် မထောက်ခံတဲ့ ဥရောပရှစ်နိုင်ငံကို စည်းကြပ်ခွန်တိုးကောက်ဖို့ ဒေါ်နယ်ထရမ့်က စီစဉ်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် ဇူလိုင်အတွင်း သဘောတူထားတဲ့ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီ ချက်ကို အတည်ပြုဖို့ ဥရောပလွှတ်တော်က ရွှေ့ဆိုင်းခဲ့ပါတယ်။
“ဂရင်းလန်ကျွန်းအရေး ခြိမ်းခြောက်မှုတွေ ရှိနေသရွေ့ အပေးအယူလုပ်လို့ မရပါဘူး” လို့ ဥရော ပလွှတ်တော်၊ နိုင်ငံတကာကုန်သွယ်ရေးကော်မတီ ဥက္ကဌ Bernd Lange က ပြောပါတယ်။
ကုန်သွယ်ရေး သဘောတူညီချက်အရ အမေရိကန်နိုင်ငံဟာ ဥရောပသမဂ္ဂမှ ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းသာ သတ်မှတ်ရမှာဖြစ်ပါတယ်။
ဥရောပခေါင်းဆောင်တွေဟာ ယနေ့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲမြို့တော်မှာ အဆိုပါကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Trump drops tariff threat against Europe over Greenland