ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
ဂရင်းလန်ကျွန်းကို ဝယ်ယူရေး ဆွေးနွေးဖို့ ကြိုးပမ်းနေပေမယ့် အင်အားသုံး သိမ်းပိုက်မှာမဟုတ် ဖူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်းမှ အစိုးရနဲ့ စီးပွားရေးခေါင်းဆောင်တွေ တက်ရောက်ရာ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့ တော်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောကြားစဉ် ၎င်းက အခုလို ထည့်သွင်းပြောဆိုတာ ပါ။
ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူကိုယ် တိုင် တက်ရောက်နေပြီး အမေရိကန်နိုင်ငံကသာ ဂရင်းလန်ကျွန်းကို ကာကွယ်နိုင်တယ်လို့ ပြောပါတယ်။
“ကျွန်တော့်အမြင်အရ နေတိုးအဖွဲ့က သူတို့ကျသင့်ငွေကို မပေးဆောင်တာကြောင့် ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရပါတယ်။ ကျွန်တော်တို့ တောင်းဆိုနေတာ ဂရင်းလန်ကျွန်းကို ရယူဖို့ပါ။ အ ခွင့်အရေးနဲ့ ပိုင်ဆိုင်မှု အပါအဝင်ပေါ့။ ဘာလို့လဲဆိုတော့ ဒါကိုကာကွယ်ဖို့ ပိုင်ဆိုင်မှု လိုအပ်လို့ပါ” လို့ ဒေါ် နယ်ထရမ့်က ပြောပါတယ်။
ဂရင်းလန်ကျွန်းဟာ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်ပါတယ်။ ဂရင်းလန် ကျွန်းကို ကာကွယ်ခြင်းဟာ နေတိုးတစ်ဖွဲ့လုံးအတွက် ဘုံကိစ္စတစ်ခုလို့ ဒိန်းမတ်ဝန်ကြီးချုပ် မတ်တေးဖ ရက်ဒရစ်ဆင်က ပြောပါတယ်။
သူ့ရဲ့ ဂရင်းလန်ကျွန်းကို ရယူမယ့်အစီအစဉ်ဟာ နေတိုးအဖွဲ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ် ပေမယ့် နေတိုးအဖွဲ့ရဲ့ လုံခြုံရေးကို မြှင့်တင်ပေးမယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
သူဟာ သဘောတူညီချက်တစ်ရပ်ရဖို့ ယူကရိန်းနဲ့ရုရှားမှ ခေါင်းဆောင်နှစ်ဉီးစလုံးနဲ့ ထိတွေ့ဆက် ဆံနေပြီး ယနေ့ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
“လူပေါင်းများစွာ သေကျေနေတာကြောင့် သူတို့ စစ်ပွဲကို ရပ်တန့်ရပါမယ်” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ကိုးကား – NHK
Ref; Trump repeats demand for Greenland, but rules out using force