ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

အာဆီယံအဖွဲ့ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံဟာ သက်ဆိုင်သူတွေ အစည်းအဝေးတစ်ခုပြုလုပ်ဖို့ စစ်တပ် အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှ နိုင်ငံရေးနဲ့ တိုင်းရင်းသားအဖွဲ့တွေကို ကြိုဆိုခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

ယခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအဖွဲ့ အထူးကိုယ်စားလှယ် တာဝန်ယူခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံ ခြားရေးဝန်ကြီး ထရီဆာလာဇာရိုက ဘယ်အဖွဲ့တွေ ကိုယ်စားပြု သို့မဟုတ် တွေ့ဆုံမှုကို ဘယ်အချိန်မှာ ပြုလုပ်ခဲ့တာဆိုတာကို မပြောကြားခဲ့ပါဘူး။

“မြန်မာအဖွဲ့အစည်းတွေရဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) အကောင်အထည်ဖော်ဆောင် ရေးအတွက် တက်ကြွသော၊ အပြုသဘောဆောင်သော၊ အဓိပ္ပာယ်ရှိသော အမြင်တွေမျှဝေမှုကို ကျွန်မ အားပေးခဲ့ပါတယ်” လို့ ၎င်းက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ဆွေးနွေးမှုတွေထဲမှာ တိုက်ခိုက်မှုတွေ အရှိန်လျှော့ဖို့၊ အကူအညီပေးအပ်မှု ချောမွေ့စေဖို့၊ နယ် စပ်ဖြတ်ကျော်မှုခင်းတွေ ဖြေရှင်းဖို့နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ တိုးလုပ်ဖို့ ပါဝင်ခဲ့တယ်လို့ သူက ဆက် ပြောပါတယ်။

မြန်မာစစ်တပ်ဟာ လက်ရှိမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပနေပြီး ရွေးကောက်ပွဲ အပိုင်း ၂ ပြီးစီးသွားပြီဖြစ်ကာ မဲပေးသူ အလွန် နည်းပါးခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အနိုင်ရထားပါတယ်။

စစ်တပ်အုပ်ချုပ်မှု တာရှည်စေမယ့် အတုအယောင် ရွေးကောက်ပွဲလို့ နိုင်ငံတကာက စစ်တပ်ပြု လုပ်တဲ့ ရွေးကောက်ပွဲကို ပယ်ချခဲ့ပြီး အာဆီယံအဖွဲ့ကလည်း စောင့်ကြည့်လေ့လာသူတွေ မစေလွှတ်ခဲ့ ပါဘူး။

အာဆီယံ တူညီဆန္ဒ (၅) ရပ်ဟာ တိုးတက်မှုမရှိဘဲ မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေ ဖြစ်ပွားနေ ကာ စစ်ကော်မရှင်ဟာ အတိုက်အခံတွေကို အကြမ်းဖက်သမားတွေလို့ခေါ်ဆိုကာ တွေ့ဆုံဆွေးနွေးဖို့ ငြင်းဆန်နေပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌဖြစ်ပြီး စီဘူးမြို့မှာ အာ ဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မတွေ့ဆုံမီ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။

ကိုးကား – Reuters
Philippines hosts Myanmar political, ethnic groups for ‘stakeholder meeting’