ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အန်ဟာ စက်မှုဇုန်တစ်ခုရှိ ခေတ်မီစီမံကိန်းတစ်ခု အ ရည်အချင်းမပြည့်မီမှုကြောင့်ဟုဆိုကာ ဒုတိယဝန်ကြီးချုပ်ကို ရာထူးမှဖယ်ရှားလိုက်ကြောင်း မြောက်ကို ရီးယားမီဒီယာတွေက ဖော်ပြပါတယ်။

တောင်ပိုင်း ဟမ်ဂျောင်ပြည်နယ်ရှိ ဖွင့်ပွဲအခမ်းအနားတစ်ခုသို့ ကင်ဂျောင်အန် တက်ရောက်တဲ့သ တင်းကို KCT ရုပ်သံဌာနက အင်္ဂါနေ့မှာ ထုတ်လွှင့်ပြခဲ့ပါတယ်။

ကင်ဂျောင်အန်က ဒုတိယဝန်ကြီးချုပ် ရန်ဆွန်ဟိုအား နေရာတွင်ပင် ရာထူးမှထုတ်ပယ်ခဲ့ပြီး စီမံ ကိန်းကို ကြီးကြပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ကင်တော့ခ်ဟွန်လည်း တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြန်လည်မွမ်းမံရေးလုပ်ငန်းစဉ်မှာ ပြဿနာများစွာ ရှိခဲ့ကြောင်း၊ တာဝန်မဲ့ပြီး အရည်အချင်းမပြည့် မီတဲ့ အကြီးတန်း အရာရှိတွေနဲ့ လူသားတွေရဲ့လုပ်ရပ်တွေကြောင့် မလိုလားအပ်သော ဝရုန်းသုန်းကားအ ခြေအနေ ဖြစ်စေခဲ့ကြောင်း ၎င်းက ဆက်ပြောပါတယ်။

စီးပွားရေးအရ ဆုံးရှုံးမှုပမာဏဟာ နည်းပါးသော ဆုံးရှုံးမှုမဟုတ်ဖူးလို့ ကင်ဂျောင်အန်က ဆက် ပြောပါတယ်။

ဒုတိယဝန်ကြီးချုပ်အား ရာထူးမှထုတ်ပယ်တာဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြု လုပ်မယ့် အာဏာရပါတီကွန်ဂရက်မတိုင်မီ စည်းကမ်းတင်းကျပ်ဖို့ ရည်ရွယ်တဲ့ လုပ်ရပ်တစ်ခုလို့ တောင် ကိုရီးယား မီဒီယာတစ်ခုက ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; North Korea’s Kim fires vice premier for ‘incompetence,’ state media reports