ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

ဂရင်းလန်ကျွန်းဟာ ဒိန်းမတ်နိုင်ငံရဲ့ သဘာဝအစိတ်အပိုင်းမဟုတ်ပဲ ကိုလိုနီနယ်မြေဟောင်းတွေ ရဲ့ ပြဿနာဟာ ပိုမို ပြင်းထန်လာတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ပြောပါတယ်။

အမေရိကန်နိုင်ငံက ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်ကျွန်းကို အမျိုးသားလုံခြုံရေး အရ အပြည့်အဝ ထိန်းချုပ်လိုတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ ဂရင်းလန်ကျွန်း ရယူမှုကို ဆန့်ကျင်ဖွယ်ရှိတဲ့ ဥရောပရှစ်နိုင်ငံကို စည်းကြပ်ခွန် ထပ် တိုး သတ်မှတ်ကြောင်း ဒေါ်နယ်ထရမ့်က စနေနေ့မှာ ကြေညာခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ အမေရိကန်နဲ့ ဥရောပကြား ဂရင်းလန်ကျွန်းအရေးနဲ့ပတ်သက်လို့ အကွဲအပြဲကြီး မားလာမှုကို အားရဝမ်းသာ တုံ့ပြန်ခဲ့ပေမယ့် ရုရှားဟာ ဂရင်းလန်ကျွန်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်ကို နှုတ်ဆိတ်ခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ဂရင်းလန်ကျွန်းပြည်တွင်းရေးမှာ စွက်ဖက်ဖို့ စိတ်မဝင်စားသလို ရုရှားဟာ ဂရင်း လန်ကျွန်းကို ထိန်းချုပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာ အမေရိကန်နိုင်ငံက သိရှိတယ်လို့ အင်္ဂါနေ့က မော်စကို မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆာဂျီလာရော့ဗ်က ပြောပါတယ်။

“အခြေခံမူအားဖြင့် ဂရင်းလန်ကျွန်းဟာ ဒိန်းမတ်နိုင်ငံရဲ့ သဘာဝ အစိတ်အပိုင်းတစ်ခု မဟုတ်ပါ ဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။

ဂရင်းလန်ကျွန်းဟာ နော်ဝေ သို့မဟုတ် ဒိန်းမတ်နိုင်ငံရြ့ သဘာဝ အစိတ်အပိုင်းမဟုတ်ကြောင်း၊ ဂရင်းလန်ကျွန်းဟာ ကိုလိုနီခေတ် သိမ်းပိုက်မှုတစ်ခုသာဖြစ်ကြောင်း သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန် ထပ်တိုးဖို့ ကြေညာချက်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်အစိုး ရနဲ့ ရရှိခဲ့တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို ချိုးဖောက်ရရောက်မယ်လို့ ဥရောပတိုင်းပြည်တွေက ပြောပါတယ်။

ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ကြာသပတေးနေ့မှာ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ တော်မှာကျင်းပမယ့် အရေးပေါ် ထိပ်သီးဆွေးနွေးပွဲမှာ ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန်တိုးမြှင့်မှုကို လက် တုံ့ပြန်ဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။

ကိုးကား – Reuters
Ref; Russia’s Lavrov says Greenland is not a ‘natural part’ of Denmark