ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်
အီရန်နိုင်ငံက သူ့ကို လုပ်ကြံသတ်ဖြတ်ကြောင်း တွေ့ရှိလျင် အီရန်နိုင်ငံကို လုံးဝ ဖျက်ဆီးပစ်ဖို့ ညွှန်ကြားထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုပ်သံအင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
“ကျွန်တော့်မှာ အလွန်ခိုင်မာတဲ့ ညွှန်ကြားချက်တွေ ရှိပါတယ်။ တစ်ခုခုဖြစ်လာရင် အီရန်နိုင်ငံကို ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားစေမှာပါ” လို့ NewsNation ရဲ့ Katie Pavlich Tonight အစီအစဉ် အင်တာဗျူးမှာ ဒေါ်နယ်ထရမ့်ကို ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံနဲ့ တင်းမာမှုတွေ တစ်ဖန် မြင့်တက်လာစဉ်မှာ သူ့ရဲ့ သတိပေးချက် ထွက်ပေါ်ခဲ့တာပါ။ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီရဲ့ ဆယ်စုနှစ်လေးခု အုပ်ချုပ်မှု အဆုံးသတ်ဖို့ ဒေါ် နယ်ထရမ့်က လူသိရှင်ကြား တောင်းဆိုခဲ့တာပါ။
အယာတိုလာခါမေနီကို ပစ်မှတ်ထားတဲ့ မည်သည့်အရေးယူမှုမှ မလုပ်ဆောင်ဖို့ အီရန်နိုင်ငံက အင်္ဂါနေ့မှာ ဒေါ်နယ်ထရမ့်ကို သတိပေးခဲ့ပါတယ်။
“ကျွန်တော်တို့ခေါင်းဆောင်ဆီကို ရန်လိုတဲ့လက်တစ်စုံ ကမ်းလာရင် အဲဒီလက်ကို ဖြတ်ပစ်ယုံသာ မက ကမ္ဘာကြီးကို မီးရှို့ပစ်မယ်” လို့ အီရန်ဗိုလ်ချုပ် အဘိုဖာဇယ်ရှက်ကာချီက အီရန်စစ်တပ်ကိုယ်စား ပြောဆိုခဲ့ပါတယ်။
သူ့ကို လုပ်ကြံသတ်ဖြတ်မှုမှာ အီရန်နိုင်ငံ ပါဝင်လျင် ပြတ်သားစွာ လက်တုံ့ပြန်ဖို့ အကြံပေးတွေကို ညွှန်ကြားထားတယ်လို့ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်နယ်ထရမ့် လုပ်ကြံသတ်ဖြတ်ခံရပါက ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က သမ္မတရာထူး ရယူမှာဖြစ်ပြီး ၎င်းရဲ့ရှေ့မှသမ္မတ ထုတ်ပြန်ခဲ့တဲ့ မည်သည့် ညွှန်ကြား ချက်ကိုမှ တရားဝင် လိုက်နာမှာမဟုတ်ပါဘူး။
ကိုးကား – India Today
Ref; Trump says Iran would be ‘wiped off the face of the Earth’ if he’s assassinated