ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်
အီရန်ခေါင်းဆောင်ကို တိုက်ခိုက်မှုဟာ စစ်ကြေညာခြင်းဖြစ်တယ်လို့ အီရန်သမ္မတ မာစွပ်ပီဇက် ကီယန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်ကို သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံမှာ ခေါင်းဆောင်သစ်တစ်ဉီး ရှာဖွေဖို့ အချိန်ကျပြီလို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့တာ ပါ။ ဆန္ဒပြသူတွေ သတ်ဖြတ်ခံရပါက အီရန်နိုင်ငံကို စစ်ရေးအရ အရေးယူမယ်လို့ ဒေါ်နယ်ထရမ့်က ထပ် တလဲလဲ ခြိမ်းခြောက်ခဲ့ပါတယ်။
အီရန်နိုင်ငံမှာ အယာတိုလာခါမေနီရဲ့ နေရာကိုအစားထိုးမယ့် ခေါင်းဆောင်သစ်တစ်ဉီးရှာဖို့ အ ချိန်ကျပြီလို့ Politico သတင်းဌာနနဲ့ အင်တာဗျူးမှာ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ တိုင်းပြည်ခေါင်းဆောင်ကို တိုက်ခိုက်မှုဟာ အီရန်နိုင်ငံကို စစ်ကြေညာတဲ့ သ ဘောသက်ရောက်ပါတယ်” လို့ အီရန်သမ္မတ မာစွပ်ပီဇက်ကီယန်က တနင်္ဂနွေနေ့မှာ လူမှုကွန်ရက်၌ ရေး သားခဲ့ပါတယ်။
အင်တာနက် ကန့်သတ်ချက်တွေ အမြန်ဆုံး ရုတ်သိမ်းဖို့ အမျိုးသား လုံခြုံရေးကောင်စီ အတွင်း ရေးမှူးကို ထောက်ခံခဲ့ကြောင်း ၎င်းက အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဆန္ဒပြသူ ၃၄၂၈ ဉီး သေဆုံးခဲ့တယ်လို့ နော်ဝေနိုင်ငံအ ခြေစိုက် အီရန် လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ဆန္ဒပြပွဲတွေအတွင်း ပြည်သူ ၁၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်ပအခြေစိုက် အီရန် အပြည် ပြည်ဆိုင်ရာချန်နယ်က အစိုးရနဲ့ လုံခြုံရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; Iran’s president says any attack on Supreme Leader Khamenei would be declaration of wark on Supreme Leader Khamenei would be declaration of war