ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်

လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အားဖြည့်နိုင်ရေး ယူကရိန်းသို့ ပံ့ပိုးကူညီကြဖို့ သမ္မတ ဇီ လန်စကီးက ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေစဉ် သူက အခုလို တောင်းဆိုလိုက်တာပါ။

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံရဲ့ ဓာတ်အားပေးစနစ်ကို ဆက်လက်ဗုံးကြဲနေချိန် ဇီလန်စကီးက တနင်္ဂနွေနေ့မှာ လူမှုကွန်ရက်၌ တောင်းဆိုခဲ့တာပါ။

ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆောင်းလယ်ရောက်နေပြီဖြစ်တဲ့ ယူကရိန်းမှာ ပြည်သူတွေ ဓာတ်အားပြတ်တောက်မှု ကြုံတွေ့ခဲ့ရပါတယ်။

ရုရှားတပ်ဖွဲ့ဟာ စနေနေ့ညပိုင်းမှ တနင်္ဂနွေနေ့မနက်ပိုင်းအထိ ဆူမီ၊ ခါကိဗ်နဲ့ ဒေသလေးခုကို ဗုံး ကြဲတိုက်ခိုက်ခဲ့လို့ လူနှစ်ဉီး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဉီး အပါအဝင် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဇီ လန်စကီးက ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း ရုရှားစစ်တပ်ဟာ ဒရုန်းတိုက်ခိုက်မှု ၁၃၀၀ ကျော်၊ ဗုံးကြဲတိုက်ခိုက်မှု ၁၀၅၀ ကြိမ်နဲ့ ဒုံးကျည်တိုက်ခိုက်မှု ၂၉ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ယူကရိန်း အကြီးတန်းအရာရှိတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ပွဲအဆုံးသတ်ရေး ရည်ရွယ် တဲ့ ငြိမ်းချမ်းရေးစီမံချက်ကို ဆွေးနွေးဖို့ အမေရိကန်နိုင်ငံမှာ အမေရိကန် အထူးကိုယ်စားလှယ် စတိဝှစ် ကော့ဖ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ယနေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့မှာစတင်မယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဇီလန်စကီးနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ တက်ရောက်မှာဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Zelenskyy requests support for Ukraine’s air defenses