ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
သူ့ရဲ့ ဂရင်းလန်ကျွန်းအား ထိန်းချုပ်ရေးဆန္ဒကို ဆန့်ကျင်ခဲ့တဲ့ ဒိန်းမတ်နဲ့ အခြား ဉရောပတိုင်း ပြည် (၇) ခုကို စည်းကြပ်ခွန် အစီအမံတွေ သတ်မှတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေ ညာလိုက်ပါတယ်။
ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်ကျွန်းဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသား အကျိုး စီးပွားအတွက် အရေးပါတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဂရင်းလန်ကျွန်းအား ရယူမယ့်အစီအစဉ်ကို ဒိန်းမတ်နိုင်ငံက အပြင်းအထန် ခု ခံနေပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်မှစပြီး အမေရိကန်နိုင်ငံသို့ ပို့ဆောင်တဲ့ ဒိန်းမတ်နဲ့ ဥရောပ (၇) နိုင်ငံမှ ကုန် စည်အားလုံးအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်မယ်လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
စည်းကြပ်ခွန် သတ်မှတ်တဲ့တိုင်းပြည်တွေထဲမှာ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ ပါဝင်ပြီး ဇွန်လ ၁ ရက်မှာ စည်းကြပ်ခွန်ကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အဆိုပြုထားတဲ့ စည်းကြပ်ခွန်နှုန်းတွေဟာ လက်ရှိသတ်မှတ်ထားတဲ့နှုန်းတွေအပြင် ထပ်တိုး စည်းကြပ်ခွန်ဖြစ်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။
“ဂရင်းလန်ကျွန်းကို ဝယ်ယူဖို့ သဘောတူညီချက် ရရှိချိန်အထိ ယခုသတ်မှတ်တဲ့ စည်းကြပ်ခွန် နှုန်းကို ပေးဆောင်ရမယ်” လို့ ဒေါ်နယ်ထရမ့်က ရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဂရင်းလန်ကျွန်း သိမ်းယူမှုအစီအစဉ်အား ကန့်ကွက်တဲ့နိုင်ငံတွေကို ထပ်တိုး စည်းကြပ်ခွန် သတ်မှတ်တာလို့ သူက ဆိုပါတယ်။
ဒိန်းမတ်စစ်တပ်နဲ့ စစ်ရေးလေ့ကျင့်ဖို့ ဂရင်းလန်ကျွန်းသို့ တပ်ဖွဲ့ဝင်တွေစေလွှတ်ရေး သဘောတူ တဲ့တိုင်းပြည်တွေကို ဒေါ်နယ်ထရမ့်က အမျက်ထွက်နေပုံပေါ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ထပ်တိုး စည်းကြပ်ခွန် သတ်မှတ်ခြင်းအားဖြင့် ဂရင်းလန်ကျွန်းရယူရေး ကြိုး ပမ်းမှုကို အရှိန်မြှင့်နေတယ်လို့ အမေရိကန်မီဒီယာတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Trump announces tariffs on eight European nations over Greenland support