ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
တောင်ကိုရီးယားနိုင်ငံရှိ တရားရုံးတစ်ရုံးဟာ သမ္မတဟောင်း ယွန်ဆတ်ယိုလ်အား စုံစမ်းစစ် ဆေးရေးမှူးတွေကို နှောက်ယှက်မှု၊ အခြားစွဲချက်တွေနဲ့ ထောင်ဒဏ် (၅) နှစ် ချမှတ်လိုက်ပါတယ်။
သောကြာနေ့ တရားစီရင်ချက်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကြိုးပမ်းမှု အပါအဝင် ယွန်ဆတ်ယိုလ်အား စွဲချက်တင်ထားတဲ့ အမှုတွေထဲက တစ်ခုသာဖြစ်ပါတယ်။
ယွန်ဆတ်ယိုလ်ဟာ ဆူပူအုံကြွမှု ဖြစ်စေခဲ့တဲ့ သူ့အား စုံစမ်းစစ်ဆေးရေးမှူးတွေ မဖမ်းဆီးနိုင် အောင် သမ္မတရုံး လုံခြုံရေးအဖွဲ့အား ဟန့်တားဖို့ အမိန့်ပေးမှုနဲ့ တရားစွဲဆိုထားပါတယ်။
တရားစွဲဆိုမှုကို ဉီးဆောင်တဲ့ အထူးအဖွဲ့က ယွန်ဆတ်ယိုလ်အား ထောင်ဒဏ် (၁၀) နှစ် ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ယွန်ဆတ်ယိုလ်ဟာ ဖမ်းဝရမ်းကို ဟန့်တားဖို့ သမ္မတရုံး လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးပြီး သမ္မတရဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဆိုးလ်ခရိုင်တရားရုံးက ပြောပါတယ်။
ယွန်ဆတ်ယိုလ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကို နှောက်ယှက်တဲ့ ကြောက်မတ် ဖွယ်ရာ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ်လို့ ဆိုးလ်ခရိုင်တရားရုံးက ဆိုပါတယ်။
အသနားခံတင်ပြဖို့ စီစဉ်နေတယ်လို့ တရားရုံး စီရင်ချက်အပြီးမှာ ယွတ်ဆတ်ယိုလ်ရဲ့ ရှေ့နေအဖွဲ့ က ပြောပါတယ်။
ယွန်ဆတ်ယိုလ်ဟာ ဆူပူအုံကြွမှုဖြစ်စေခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တယ်လို့ စွပ်စွဲခံထားရ ပြီး သူ့ကို သေဒဏ်ပေးဖို့ အစိုးရရှေ့နေတွေက တောင်းဆိုထားပါတယ်။
ကိုးကား – NHK
Ref; South Korea court hands 5-year term to ex-President Yoon for obstructing justice