ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်
နယ်စပ်ပဋိပက္ခ ရပ်ဆိုင်းနိုင်ရေး ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ ဝန်ကြီးချုပ်ရဲ့ ထိပ်တန်းအကြံပေးတစ်ဉီးက ဒီဇင်ဘာ ၉ ရက်မှာ ပြောကြားခဲ့ပါ တယ်။
ဇူလိုင်လအတွင်း သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ကျိုးပျက်ပြီးနောက် ထိုင်းနဲ့ ကမ္ဘောဒီး ယားဟာ ၈၁၇ ကီလိုမီတာရှိတဲ့ နယ်စပ်တစ်လျှောက် လက်နက်ကြီးတွေ အပါအဝင် အပြန်အလှန် ပစ် ခတ်ခဲ့ပါတယ်။
အပြင်းထန်ဆုံး တိုက်ပွဲတွေ ပြန်လည်စတင်ပြီးနောက် နှစ်ရက်တာ နယ်စပ်ပဋိပက္ခကြောင့် နှစ် ဖက်စလုံးမှ ပြည်သူ ၁၃ ဉီး သေဆုံးခဲ့ပြီး သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
“အခုချိန်ကစပြီး တစ်နာရီ စကားပြောဆိုကာ ဆက်သွယ်မှု စတင်ရအောင်။ ဒါဟာ အလွန်ကောင်း တဲ့ အကြံဉာဏ်တစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ အကြီးတန်းအကြံ ပေး Suos Yara က ပြောပါတယ်။
သို့သော်လည်း ကမ္ဘောဒီးယားနိုင်ငံက ဆွေးနွေးမှုလုပ်ငန်းစဉ်ကို စတင်မှာမဟုတ်ဘဲ နှစ်နိုင်ငံစလုံး အတွက် ချစ်ကြည်ရေးရဖို့ သဘောတူမယ်လို့ ၎င်းက ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ပြင်ပကြားဝင်စေ့စပ်မှုကို ငြင်းပယ်ကာ တင်းမာမှုလျှော့ချဖို့ ဉီးစွာ လုပ် ဆောင်ရမယ့် ရိုးသားမှုကို ပြသရမယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယးကြား စစ်ပွဲက အမေရိကန်နိုင်ငံကို စိုးရိမ်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာ ကိုရူဘီယိုက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
“တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်စဲဖို့၊ အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ တင်းမာမှုလျှော့ချရေး အစီအမံတွေ လုပ်ဆောင်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ၎င်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“နယ်စပ်မြေမြှုပ်မိုင်းကိစ္စက စစ်ပွဲတစ်ခုအတွက် ဆင်ခြေတစ်ခု မဟုတ်ပါဘူး” လို့ Suos Yaraက ပြောပါတယ်။
ထိုင်းစစ်တပ်ဟာ အစိုးရအဖွဲ့ရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားတယ်လို့ ထိုင်းဝန်ကြီးချုပ် အနု တင်ချန်ဗီရာကူလ်က ပြောကြားခဲ့ပြီး တိုက်ပွဲတွေဖြစ်နေစဉ် တွေ့ဆုံဆွေးနွေးဖို့ ငြင်းပယ်လိုက်ပါတယ်။
အခြေအနေဟာ နှစ်နိုင်ငံလုံး အကျိုးမရှိတဲ့ ဂိမ်းကစားပွဲတစ်ခုဖြစ်ပြီး နှစ်နိုင်ငံစလုံးဟာ အမြဲ အိမ် နီးချင်းတွေဖြစ်နေမယ်လို့ Suos Yara က ပြောပါတယ်။
ကိုးကား – Reuters
Ref; Cambodia ‘ready at any time’ for talks to end conflict with Thailand, PM adviser says