ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

လွတ်လပ်ပြီး တရားမျှတကာ အားလုံးပါဝင်သော ရွေးကောက်ပွဲကျင်းပဖို့ အိန္ဒိယနိုင်ငံက မြန်မာ စစ်ကော်မရှင်ကို တောင်းဆိုခဲ့ပြီး ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်လေ့လာမှု ကြီးမားလာလို့ အားလုံးပါဝင်မှုဟာ ဒီမိုကရေစီသို့ အများယုံကြည်သော အသွင်ကူးပြောင်းရေးအတွက် မရှိ မဖြစ် လိုအပ်တယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ဒီဇင်ဘာလ ၂၈ ရက်မှစကာ အဆင့်သုံးဆင့်ဖြင့် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ် နေပြီး မဲပေးမှုဟာ ဇန်နဝါရီလအထိ ရောက်ရှိမယ်လို့ မျှော်မှန်းရပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ထောက်ခံပြီး နိုင်ငံရေးဆိုင်ရာ သက်ဆိုင်သူအားလုံး ပါဝင်ရေးဟာ ရွေးကောက်ပွဲအပေါ် အများယုံကြည်နိုင်စွမ်းအတွက် အရေးကြီးတယ် လို့ ရှုမြင်ကြောင်း ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရန်ဒီဂျိုင်ဝယ်က ပြောပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ လွတ်လပ်ပြီး တရားမျှတကာ အားလုံးပါဝင်ရမယ်လို့ ၎င်းက အ လေးထားပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးမှုနဲ့ ပုံမှန်အခြေအနေပြန်ဖြစ်ရေး ကြိုးပမ်းမှုအားလုံး ကို အိန္ဒိယနိုင်ငံက ဆက်လက်ပြီး ပံ့ပိုးကူညီမယ်လို့ သူက ကတိပြုပါတယ်။

လာမယ့်ရွေးကောက်ပွဲရဲ့ တရားဝင်မှုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ အရှိန်မြှင့်လာခဲ့ပြီး ပွင့်လင်းမြင် သာမှုရှိဖို့ မြန်မာစစ်ကော်မရှင်အပေါ် ဖိအားတိုးလာပါတယ်။

မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြည်ပအစိုးရတွေကို တောင်းဆိုခဲ့ပြီး ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်မှု မရှိဘူးလို့ ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအာဏာပိုင်တွေဟာ ဒီမိုကရေစီ အဆောက်အအုံတွေကို ဖြို ဖျက်ကာ အကြမ်းဖက်မှုတွေ အရှိန်မြှင့်ခဲ့ပြီး ရွေးကောက်ပွဲကို ဝေဖန်ပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချ မှတ်နိုင်တဲ့ ဥပဒေကို ပြဌာန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ချီတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ ဟာ လက်ရှိမှာ အကျဉ်းချခံထားရပါတယ်။

မြန်မာစစ်တပ်က မြို့ပြတွေကို ထိန်းချုပ်ထားပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်တွေရှိ အရေးပါတဲ့နယ်မြေတွေကို ထိန်းချုပ်ထားပါတယ်။

ကိုးကား – ANI
Ref; India calls for “free, fair and inclusive” elections in Myanmar, backs transition to democracy