ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
စစ်ကော်မရှင်က စက်သုံးဆီတင်သွင်းရောင်းချခွင့်နှင့် လေယာဉ်ဆီအသုံးပြုရာတွင် မသမာမှုပြုလုပ်သည်ဟုဆိုကာ လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီးနှင့် ညွှန်ကြား ရေးမှူးချုပ်တို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လျှပ်စစ်နှင့်စွမ်း အင်ဒုဝန်ကြီးသန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ရွှေမော်တို့ကို စက်သုံးဆီများ တင်သွင်းရောင်းချရာတွင် မသမာမှုများ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ စရဖမှ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
စက်သုံးဆီကုမ္ပဏီ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ စက်သုံးဆီတင်သွင်းခွင့်နှင့် ဆီခွဲတမ်းများချပေးရာ တွင် ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဆုံးရှုံးမှု လာဘ်ပေးလာဘ်ယူမှုများဖြင့် အမှုခေါင်းစဉ်တပ်ပြီး ဖမ်း ဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆုံးရှုံးခဲ့သည့် ငွေကျပ်ဘီလီယံ ၅၄၀ ကျော်ကို ဒုဝန်ကြီး၊ ညွှန်ချုပ်တို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်သည်ဟု စွပ်စွဲခံရသည့် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များမှ စစ်ကော်မရှင်ထံ လျော်ကြေးပြန်လည်ပေးသွင်းရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။
ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max ကုမ္ပဏီ၊ ဦးချစ်ခိုင်ပိုင် ဆိုင်သည့် Denko ကုမ္ပဏီ၊ KBZ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းနှင့်ပတ်သက်သည့် ကုမ္ပဏီအချို့အပါ အဝင် ကုမ္ပဏီ ရှစ်ခုကျော်ကို ဆုံးရှုံးသွားသည့် ငွေကြေးများအား စစ်ကော်မရှင်က ပြန်လည်ပေးသွင်းခိုင်းထားကြောင်း သိရသည်။
ခရိုနီ ဦးဝင်းဆွေပိုင်ဆိုင်သည့် BOC ကုမ္ပဏီက ငွေကျပ်ဘီလီယံ ၁၈၀ ဝန်းကျင်ကို စစ်ကော်မရှင်ထံသို့ ပေးသွင်းရမည်ဖြစ်သည်။
အဆိုပါ ကျပ်ဘီလီယံ ၅၄၀ ကျော်ကို လာမည့် ဇန်နဝါ ရီလ ၂၆ ရက်နေ့တွင် နောက်ဆုံးထားပြန်လည်ပေးသွင်းကြရန် ညွှန်ကြားချက်ပို့ထားပြီး ဆီလုပ်ငန်းရှင်များအားလုံးကိုလည်း ပြည်ပထွက်ခွာခွင့် ယာယီပိတ်ပင်ထားသည်ဟု လုပ်ငန်းရှင်များအသိုင်းအဝိုင်းထံမှ သိရသည်။
ဆီတင်သွင်းခွင့် မသမာမှုနှင့်ပတ်သက်ပြီး စစ်ကော်မရှင်က ဆက်တိုက်အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ပထမ အကြိမ်ကလည်း ဆီဈေးတက်သည်မှာ ဆီလုပ်ငန်းရှင်များနှင့် စစ်တပ်မှ ဗိုလ်ချုပ်၊ ဗိုလ်မှူးများပူးပေါင်း၍ မသမာမှုပြုလုပ်ခြင်းခေါင်းစဉ်တပ်ကာ အရေးယူမှုများ ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ-ဖမ်းဆီးခံထားရသည့် လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး သန့်ဇင်