(ထိုင်ဝမ်အရေးမှာ စည်းမကျော်ဖို့ အမေရိကန်ကို တရုတ် သတိပေး)

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

ထိုင်ဝမ်အရေး တရုတ်နဲ့ ပဋိပက္ခမဖြစ်အောင် တားဆီးမယ့် စစ်ရေးအင်အား တည်ဆောက်ဖို့ ရည် ရွယ်တဲ့ လုံခြုံရေး မဟာဗျူဟာသစ်တစ်ရပ်ကို အမေရိကန်နိုင်ငံက ကြေညာပြီးနောက် အချုပ်အခြာအာ ဏာကို ကာကွယ်ဖို့ တရုတ်နိုင်ငံက ဒီဇင်ဘာလ ၈ ရက်မှာ ကတိပြုကာ ပြည်ပစွက်ဖက်မှုကို သတိပေး လိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ ဒီဇင်ဘာလ ၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာမှာ ကမ္ဘာ့ အထိရှလွယ်ဆုံး သံတမန်ရေးကိစ္စရပ်တစ်ခုဖြစ်တဲ့ ထိုင်ဝမ်အရေး အဖြေရှာဖို့ ချမှတ်ခဲ့ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ မဖြတ်ကျော်ရမယ့် ပထမဆုံး အနီရောင်မျဉ်းဖြစ် ပြီး ပြည်ပစွက်ဖက်မှုကို တရုတ်က သည်းမခံဘူးလို့ တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပေကျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“လွတ်လပ်ရေး ကြိုးပမ်းနေတဲ့ ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်သမားတွေကို ပံ့ပိုးကူညီတာ အပါ အဝင် အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်မေးခွန်းကို ဆင်ခြင်မြော်တွေးမှုနဲ့ ကိုင်တွယ်သင့်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

တည်ငြိမ်သော ဆက်ဆံရေး တိုးမြှင့်ဖို့ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ လက်တွဲလိုတဲ့ဆန္ဒရှိပြီး အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်မယ်လို့ သူက ဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးမဟာဗျူဟာသစ်ကို ထိုင်ဝမ်က ကြိုဆိုကြောင်း သမ္မတ လိုင်ချင် တေးက ဒီဇင်ဘာလ ၆ ရက်မှာ လူမှုကွန်ရက် X ၌ ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းဖို့ လေ့လာနေဆဲလို့ ထိုင် ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးစွမ်းရည်တွေ မြှင့်တင်ရမယ်လို့ ၎င်းက ပြောပြီး အာရှ-ပစိဖိတ်ဒေသရှိ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ ကာကွယ်ရေးဘတ်ဂျက်ကို GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ သုံးစွဲဖို့ ထိုင်ဝမ်က ရည် ရွယ်ကြောင်း လိုင်ချင်တေးက ပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ်မှ ၂၀၃၃ ခုနှစ်အထိ ထပ်ဆောင်း စစ်ရေးအသုံးစ ရိတ်ကို ဒေါ်လာ ၄၀ ဘီလီယံ သုံးစွဲမယ်လို့ နိုဝင်ဘာလအတွင်း ကြေညာခဲ့ပါတယ်။

ကိုးကား – Reuters
Ref; China vows to defend sovereignty over Taiwan as Trump unveils security strategy