ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ပဋိပက္ခ ပြန်လည်ဖြစ်ပွားပြီးနောက် သည်းညည်းခံကြဖို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က နှစ်နိုင်ငံစလုံးကို တိုက်တွန်းလိုက်ပါတယ်။
“အတတ်နိုင်ဆုံး သည်းညည်းခံကြဖို့၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်လှစ်ကြဖို့နဲ့ ရှိပြီးသား ယန္တယားတွေကို အပြည့်အဝ အသုံးချကြဖို့ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးကို တိုက်တွန်းပါတယ်” လို့ အာဆီ ယံအဖွဲ့ ဥက္ကဌ အန်ဝါက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ဒီဇင်ဘာလ ၈ ရက်က အိမ်နီးချင်း ကမ္ဘောဒီးယားကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ထိုင်းစစ်သားတစ်ဉီး သေဆုံးခဲ့တဲ့ အငြင်းပွားနယ်စပ် ပစ်ခတ်မှုကို အပြန်အလှန် အပြစ်ဖို့ခဲ့ပါ တယ်။
ကမ္ဘောဒီးယားတပ်ဖွဲ့က ဒီဇင်ဘာလ ၈ ရက်မနက်ပိုင်းမှာ အူဘွန်ရတ်ချာသာနီပြည်နယ်ရှိ ထိုင်း တပ်ဖွဲ့တွေကို ပစ်ခတ်ပြီးနောက် ထိုင်းစစ်သားတစ်ဉီး ကျဆုံးခဲ့ပြီး လေးဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းစစ် တပ် ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်းဆူဗာရီးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ကမ္ဘောဒီးယားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ချေမှုန်းဖို့ ထိုင်းနိုင်ငံက ဒေသများစွာရှိ စစ်ရေးပစ်မှတ် တွေကို တိုက်ခိုက်ဖို့ တိုက်လေယာဉ်တွေကို စတင်ပြီး အသုံးပြုခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ထိုင်းစစ်တပ်က နယ်စပ်ပြည်နယ်နှစ်ခုမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ ကမ္ဘောဒီး ယား ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မာလိုင်ဆိုချီတာက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံက Tamone Thom ဘုရားကျောင်းနဲ့ ပရဝိဟာဘုရားကျောင်းအနီး ဧရိယာတွေကို တင့်ကားတွေနဲ့ တိုက်ခိုက် ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ရှေးဟောင်းဘုရားကျောင်းတွေရှိရာ နယ်မြေတွေမှာ သေနတ်သံတွေ ကြားခဲ့ရပြီး ရွာသားအများ အပြား ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရတယ်လို့ ကမ္ဘောဒီးယားနိုင်ငံ၊ Oddar Meanchey ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လက်ရှိတိုက်ပွဲ စတင်ပြီးနောက်ပိုင်း ကမ္ဘောဒီးယားနယ်စပ်ရှိ ဒေသများမှ ထိုင်းပြည်သူ ၃၅၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့တယ်လို့ ထိုင်း အမှတ် ၂ စစ်တိုင်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
ကိုးကား – The Straits Times
Ref; Malaysian PM Anwar calls for restraint between Thai and Cambodian militaries