ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

လာမယ့်ရွေးကောက်ပွဲအပြီးမှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖောင်ကက်ကီယိုက မြန်မာစစ်ကော်မရှင်ကို တောင်းဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံက ဒီဇင်ဘာလ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

မြန်မာရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်သလို ထိုင်းနိုင်ငံက မြန်မာရွေး ကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ဆီဟာဆတ်က ပြီးခဲ့တဲ့လမှာ ဗန်ကောက်မြို့တော်၌ သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဆီဟာဆတ်ဟာ ဒီဇင်ဘာလ ၇ ရက်က နေပြည်တော်မှာ စစ်ကော်မရှင် အကြီးအကဲ မင်းအောင် လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ နှစ်နိုင်ငံထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လာမယ့်ရွေးကောက်ပွဲဟာ အရေးပါသော နိုင်ငံရေး အသွင်ကူးပြောင်းမှုတစ်ခုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ မျှော်လင့်ကြောင်း ဆီဟာဆတ်က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တစ်ဖြည်းဖြည်း မြင့်တက် လာခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ဒီမိုကရေစီဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းပြီးနောက် တက်ကြွလှုပ် ရှားသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းကာ အတွေ့အကြုံပိုရင့်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့အ တူ မြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၉၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ The Armed Conflict Location & Event Data အဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – AFP
Ref; Thailand urges Myanmar junta to allow transition after vote