ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

တရုတ်စစ်လေယာဉ်တွေက ဂျပန်ဂျက်တိုက်လေယာဉ်တွေကို ရေဒါနဲ့ ပစ်မှတ်ထားပြီးနောက် ဂျ ပန်က တရုတ်သံအမတ်ကို ဆင့်ခေါ်ကာ အပြင်းအထန် ကန့်ကွက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖူနာကိုရှိတာကဲဟီရိုက တရုတ်သံအမတ်ကြီး ဝူကျင်ဟောင်ကို ဒီဇင်ဘာလ ၇ ရက် ညနေပိုင်းမှာ ဆင့်ခေါ်ကာ တရုတ်စစ်လေယာဉ်တွေရဲ့ အန္တရာယ်များသော လုပ်ရပ် တွေကို အလွန်အမင်း ဝမ်းနည်းဖွယ်ကောင်းကြောင်း အပြင်းအထန် ကန့်ကွက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အလားတူဖြစ်စဉ်မျိုးတွေ ထပ်မဖြစ်စေဖို့ ဖူနာကိုရှိက တရုတ်အစိုးရကို တောင်းဆိုခဲ့တယ်လို့ နိုင် ငံခြားရေးဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

တရုတ်စစ်လေယာဉ်တွေဟာ စနေနေ့က အိုကီနာဝါကျွန်းရဲ့ အရှေ့တောင်ဘက်မှာ ဂျပန် ဂျက် တိုက်လေယာဉ်တွေကို ရေဒါနဲ့ နှစ်ကြိမ် ပစ်မှတ်ထားခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။

ဂျက်တိုက်လေယာဉ်တွေဟာ ပစ်မှတ်တွေ သတ်မှတ်ဖို့အပြင် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ် ငန်းတွေအတွက် ပစ်မှတ်ထိန်းချုပ်ဖို့ ရေဒါကို အသုံးပြုကြပါတယ်။

တရုတ်စစ်လေယာဉ်တွေရဲ့ လုပ်ရပ်တွေဟာ အန္တရာယ်များပြီး အလွန် ဝမ်းနည်းဖွယ်ကောင်း တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအောဇုမိက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ပြောဆိုချက်တွေဟာ ဖြစ်စဉ်တွေနဲ့ လုံးဝ ကွဲပြားနေတယ်လို့ တရုတ်ရေတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
တရုတ်ရေတပ်မှ စစ်လေယာဉ်တွေရဲ့ လေ့ကျင့်မှုကို ဟန့်တားခဲ့တာမရှိဘူးလို့ ဂျပန်စစ်တပ်က တ ရုတ်ရဲ့စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။

ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဂျပန်က စစ်ရေးအရ ကြားဝင်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကိုင်ချိက မှတ်ချက်ပြုပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။

ကိုးကား – CNA
Ref; Japan summons China envoy over fighter jet incident