ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

 

ဗင်နီဇွဲလားနိုင်ငံ၏ ထင်ရှားသည့် အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိထားသည့် မာရီယာကိုရီနာမာချာဒိုသည် လာမည် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပမည့်ဆုပေးပွဲ၌ ဆုလက်ခံရယူရန် နော်ဝေနိုင်ငံသို့ သွားရောက်မည်ဟု ‌ကတိပြုခဲ့ကြောင်း သိရသည်။

 

အာဏာရှင်အုပ်ချုပ်နေသည့် ဗင်နီဇွဲလားနိုင်ငံမှ အမျိုးသမီးအတိုက်အခံခေါင်းဆောင် မာချာဒိုအနေဖြင့် နိုင်ငံမှထွက်ခွာကာ ငြိမ်းချမ်းရေးနိုဘယ်ဆုသွားယူပါက နိုင်ငံမှ စွန့်ခွာထွက်ပြေးသူ အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ဗင်နီဇွဲလားရှေ့နေချုပ်က ပြောဆိုခဲ့သည်။

 

၂၀၂၅ ခုနှစ်၏ ငြိမ်းချမ်‌ရေးနိုဘယ်ဆုရှင်မာချာဒိုမှ အတိုက်အခံဘက်မှ နိုင်ငံပြန်ဝင်ခွင့်ရုတ်သိမ်းမည်ဟူသည့် ခြိမ်းခြောက်မှုကို ဆန့်ကျင်ကာ ဆုယူမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သောကြာနေ့ က မာချာဒို နဲ့အဆက်အသွယ်ရခဲ့ပြီး သူမက အခမ်းအနားတက်ရောက်ဖို့ အော်စလိုမှာရှိလိမ့်မယ်လို့ အတည်ပြုပေးခဲ့တယ်ဟု” Norwegian Nobel Institute မှ ဒါရိုက်တာ Kristian Berg Harpviken က ပြောကြားခဲ့သည်။

 

သို့သော် မာချာဒိုအနေဖြင့် မည်သည့်ရက် မည်သည့်အချိန်တွင် နော်ဝေနိုင်ငံသို့ရောက်ရှိမည်ဖြစ်ကြောင်းကို လုံခြုံရေးအရ ပြောပြ၍မရကြောင်းလည်း ပြောဆိုခဲ့သည်။

 

ငြိမ်းချမ်းရေး နိုဘယ်ဆုပေးအပ်ပွဲအခမ်းအနားကို ကဏ္ဍအသီးသီးမှ အကျိုးပြုသူများကိုနိုဘယ်ဆုများ ပေးအပ်ရန် ပိုင်ဆိုင်မှုများကို လှူဒါန်းခဲ့သည့် Alfred Nobel၏ ကွယ်လွန်ခြင်းနှစ်ပတ်လည်ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။

 

မာရီယာကိုရီနာမာချာဒိုသည် ဗင်နီဇွဲလားနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကျင်းပနိုင်ရန် နှစ်ပေါင်း ၂၀ ကျော်တိုက်ပွဲဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရသော်လည်း အာဏာရှင်အစိုးရ၏ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်းကိုခံခဲ့ရသူလည်းဖြစ်သည်။

ကိုးကား – Bangkok Post