ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

အိန္ဒိယနိုင်ငံ၊ ဂိုအာပြည်နယ်ရှိ နာမည်ကျော် နိုက်ကလပ်တစ်ခုမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကမ္ဘာလှည့်ခရီးသွားတွေ အပါအဝင် လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

မြောက်ဂိုအာ၊ အာပိုရာမြို့ရှိ နိုက်ကလပ်တစ်ခုမှာ သန်းခေါင်ယံအချိန် မီးလောင်မှု ဖြစ်ပွားခဲ့တာ ပါ။ သေဆုံးသူအများစုဟာ မီးဖိုခန်းမှ လုပ်သားတွေဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွား ၃ ဉီး ပါဝင်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ပရာမွတ်ဆာဝမ့်က ပြောပါတယ်။

ဓာတ်ငွေ့ဆလင်ဒါ ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကာ အ လောင်းအားလုံးကို တွေ့ရှိခဲ့ပြီလို့ PTI သတင်းဌာနက ရဲတပ်ဖွဲ့အား ကိုးကားပြီး ဖော်ပြပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ တိကျသော အကြောင်းအရာကို ဖော်ထုတ်ဖို့ ပြည်နယ်အစိုးရက စုံစမ်း စစ်ဆေးမှုတစ်ရပ် လုပ်ဆောင်မယ်လို့ ဆာဝမ့်က ဆက်ပြောပါတယ်။

ဖြစ်စဉ်ကြောင့် စိတ်ထိခိုက်ရပြီး အခြေအနေကို ဆာဝမ့်နဲ့ စကားပြောဆိုခဲ့တယ်လို့ အိန္ဒိယဝန် ကြီးချုပ် နာရင်ဒရာမိုဒီက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ပြည်နယ်အစိုးရက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို လိုအပ်သမျှ အကူအညီအားလုံး ထောက်ပံ့ပေးနေပြီး မိသားစုဝင်တွေနဲ့အတူ စိတ်မကောင်းဖြစ်ရတယ်လို့ ၎င်းက ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ဓာတ်ငွေ့ဆလင်ဒါ ပေါက်ကွဲမှုကြောင့် မီးလောင်မှုတွေ ဖြစ်ပွားလေ့မရှိဘဲ ဖြစ် ပွားလာပါက လူသေဆုံးမှုတွေ ရှိပါတယ်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂိုအာပြည်နယ်မှာ သဲထူထပ်သော ကမ်းခြေတွေကြောင့် လူသိအများ ဆုံး ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်ပါတယ်။

ကိုးကား – CBS News
Ref; At least 23 killed in nightclub fire in India