ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

 

ထိုင်းနဲ့ကမ္ဘောဒီးယားဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း အ ပြန်အလှန် စွပ်စွဲပြီးနောက် ထိုင်းနိုင်ငံက အငြင်းပွား နယ်စပ်တစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီးက တနင်္လာနေ့မှာ ပြောပါတယ်။

 

ဇူလိုင်လအတွင်း ငါးရက်ကြာ နယ်စပ်အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ရဲ့ အကျိုးဆောင်မှုနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ ပါတယ်။

 

ဒေါ်နယ်ထရမ့်ဟာ အောက်တိုဘာလအတွင်း ကွာလာလမ်ပူမြို့တော်မှာ နှစ်နိုင်ငံကြား အပစ်အ ခတ်ရပ်စဲဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။

ကမ္ဘောဒီးယားစစ်တပ်စခန်းတွေကို လေကြောင်းတိုက်ခိုက်တာဟာ ထိုင်းစစ်သားတစ်ဉီး ကျဆုံး ပြီး နှစ်ဉီး ဒဏ်ရာရရှိခဲ့တဲ့ တနင်္လာနေ့အစောပိုင်း တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာလို့ ဆူဗာရီးက ပြောပါတယ်။

 

ကမ္ဘောဒီးယားက ယနေ့နံနက် ၃ နာရီမှာ ထိုင်းနယ်စပ်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုကို စတင် ခဲ့တာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

 

ထိုင်းစစ်တပ်ဟာ ဒေသစံတော်ချိန် ၅ နာရီ ၄ မိနစ်မှာ ကမ္ဘောဒီးယားတပ်ဖွဲ့ကို တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့တာလို့ ကမ္ဘောဒီးယားစစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း စွပ်စွဲခဲ့ပါတယ်။

 

“ထိုင်းစစ်တပ်ဟာ ရက်များစွာကြာအောင် ရန်စတဲ့လုပ်ရပ်တွေ ပြုုလုပ်ပြီးနောက် ယခုတိုက်ခိုက် မှု ဖြစ်ပွားခဲ့တာပါ” လို့ ကမ္ဘောဒီးယားစစ်တပ်က ပြောပါတယ်။

 

ထိုင်းအရပ်သား ၇၀ ရာခိုင်နှုန်းခန့်ကို နယ်စပ်မြို့တွေကနေ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပြီး အရပ် သားတစ်ဉီး သေဆုံးခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

 

ကိုးကား – Reuters/CNN
Ref; Thai army says air strikes launched along disputed border area with Cambodia