ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်
မြန်မာဘက်ခြမ်းမှပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကြောင့် ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်မှာ အ ရပ်သားတွေ ဒဏ်ရာရရှိပြီးနောက် တင်းကျပ်သော အစီအမံတွေလုပ်ဆောင်မယ်လို့ ထိုင်းစစ်တပ် အကြီး အကဲက သတိပေးပါတယ်။
စစ်ကော်မရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေမှ လက်နက်ကြီးကျည် တွေဟာ မဲဆောက်ခရိုင်အတွင်း ကျရောက်ခဲ့တယ်လို့ ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အူကရစ် ဘွန်တာနွန်က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
နယ်စပ်တစ်လျှောက် တိုက်ပွဲတွေမှာ လက်နက်ကြီး၊ အမြောက်ပစ်ခတ်မှုတွေ ပါဝင်ခဲ့ရာ လက် နက်ကြီးကျည်အချို့ ပစ်မှတ်လွဲပြီး ထိုင်းပိုင်နက်ထဲ ကျရောက်တာရှိတယ်လို့ ၎င်းက ဆိုပါတယ်။
နယ်စပ်တစ်လျှောက် ဖြန့်ကြက်ထားတဲ့ ထိုင်းတပ်ဖွဲ့တွေက သတိပေးပစ်ခတ်ခြင်း၊ ထိုင်း-မြန်မာ နယ်စပ်ညှိနှိုင်းရေးယန္တယားမှတစ်ဆင့် ဆက်သွယ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။
အလားတူ ချိုးဖောက်မှုမျိုးတွေ ထပ်မဖြစ်ဖို့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေကို သတိပေးထားတယ်လို့ ဗိုလ်ချုပ်ကြီး အူကရစ်က ဆက်ပြောပါတယ်။
အလားတူဖြစ်စဉ်တွေ ထပ်ဖြစ်လာရင် လက်တုံ့ပြန်ဖို့ ထိုင်းနိုင်ငံက ပြင်ဆင်ထားတယ်လို့ ၎င်းက သတိပေးလိုက်ပါတယ်။
နယ်စပ်အနီး အန္တရာယ်များတဲ့ဒေသများရှိ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ပြင်ဆင်မှု တွေ ပြုလုပ်နေတယ်လို့ သူက ဆိုပါတယ်။
သောကြာနေ့က မြန်မာဘက်ခြမ်းမှ လက်နက်ကြီးကျည်တွေကြောင့် ထိုင်းဘက်ခြမ်းမှာ အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဉီး အပါအဝင် ရွာသားနှစ်ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။
ထိုးစစ်ဆင်မှု ချက်ချင်း ရပ်ဆိုင်းဖို့ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက မြန်မာစစ်တပ်ကို တောင်းဆိုခဲ့ပြီး နယ်စပ်အနီး ရမ်းသမ်းပစ်ခတ်မှုတွေဟာ ဒေသခံအသိုင်းအဝိုင်းတွေနဲ့ နိုင်ငံခြားသားတွေ ကို ခြိမ်းခြောက်စေတယ်လို့ ပြောပါတယ်။
စနေနေ့က မြဝတီမြို့နယ်၊ မင်းလက်ပံရွာမှာ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံ သားလေးဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ထောက်ပြပါတယ်။
ကိုးကား – Bangkok Post
Ref; Stray shells prompt stern warning