ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ဟာ ဒီသီတင်းပတ်အစောပိုင်းက မအောင်မြင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် တင်းမာမှုတွေ မြင့်တက်နေစဉ် သောကြာနေ့နှောင်းပိုင်းက နယ်စပ်တစ် လျှောက် လက်နက်ကြီးတွေ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
ပါကစ္စတန်စစ်တပ်ဟာ ကန်ဒါဟာပြည်နယ်၊ စပင်ဘိုလ်ဒတ်ခရိုင်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ တယ်လို့ တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က ပြောပါတယ်။
အာဖဂန်တပ်ဖွဲ့က နယ်စပ်တစ်လျှောက် ရန်စပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီး ချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲခဲ့ပါတယ်။
“ပါကစ္စတန်နိုင်ငံက အပြည့်အဝ တပ်လှုန့်ထားပြီး ပိုင်နက်နယ်မြေနဲ့ ပြည်သူတွေ ဘေးကင်းရေး လုပ်ဆောင်သွားဖို့ သံန္နိဌာန်ချထားပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ မိုရှာရက်ဖ်ဇိုင်ဒီက ထုတ်ပြန်ချက်တစ် ခုအတွင်း ပြောပါတယ်။
တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား သဘောတူညီချက်မရတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြု လုပ်ပြီးနောက် နှစ်ဘက်တပ်ဖွဲ့တွေကြား အခုလို အပြန်အလှန် ပစ်ခတ်ခဲ့တာပါ။
ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေဟာ အောက်တိုဘာ လအတွင်း လူအသေအပျောက်ရှိတဲ့ နယ်စပ်ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် တင်းမာမှုတွေ လျှော့ချဖို့ရည် ရွယ်ကာ ကာတာ၊ တူရကီနဲ့ ဆော်ဒီအာရေးဘီးယားတို့က ကမကထလုပ်ခဲ့တာပါ။
အာဖဂန်အခြေစိုက် စစ်သွေးကြွတွေဟာ ပါကစ္စတန်နိုင်ငံမှာ အသေခံဗုံးခွဲမှုတွေ အပါအဝင် မကြာ သေးမီက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံက ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံက စွပ်စွဲချက်တွေကို ငြင်းဆန်ကာ ပါကစ္စတန်နိုင်ငံတွင်း လုံခြုံရေးအတွက် တာဝန်မယူနိုင်ဘူးလို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ အာဏာရရှိလာပြီးနောက်ပိုင်း အဆိုးရွား ဆုံး နယ်စပ်ပဋိပက္ခဖြစ်တဲ့ အောက်တိုဘာလ တိုက်ပွဲတွေမှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Pakistan, Afghanistan exchange heavy fire along border, officials say