ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေရဲ့ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကို လျှော့ချမယ်လို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ဝါရှင်တန်ဒီစီမြို့တော်မှာ အာဖဂန်နစ္စတန်နိုင်ငံသားတစ်ဉီးက အမျိုးသားအ စောင့်တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှုဖြစ်ပြီးနောက် ယခုအစီအစဉ် ဖြစ်လာတာပါ။
အလုပ်ခန့်ထားမှု ခွင့်ပြုချက်တွေဟာ ၅ နှစ်မှ အများဆုံး ၁၈ လအထိသာ အကျုံးဝင်တော့မယ်လို့ အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) က ပြောပါတယ်။
ပြည်နှင်ဒဏ်ပေးခံထားရတဲ့ နိုင်ငံခြားသားတွေဟာ စည်းမျဉ်းပြောင်းလဲမှုကြောင့် ထိခိုက်လာမယ် လို့ သိရပါတယ်။
ယခုအစီအစဉ်ကြောင့် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားဆဲလူပေါင်း ၄၅၀၀၀၀ ခန့် ထိခိုက်မယ် လို့ The New York Times သတင်းစာက ဖော်ပြပါတယ်။
“အမျိုးသားအစောင့်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီးနောက် USCIS အနေနဲ့ နိုင်ငံခြားသားတွေကို မ ကြာခဏ စိစစ်ရမည်ဆိုသည်မှာ ပို၍ ရှင်းလင်းလာပါတယ်” လို့ USCIS ညွှန်ကြားရေးမှူး ဂျိုးဇက်အက်လိုး က ပြောပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာ အမျိုးသားအစောင့်တပ်ဖွဲ့ တပ်ချထားခြင်းဟာ တရားမဝင်ဘူးလို့ အမေ ရိကန် ခရိုင်တရားသူကြီးတစ်ဉီးက ပြီးခဲ့တဲ့လမှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်အစိုးရက အယူခံဝင်ပြီးနောက် အပြီးသတ်စီရင်ချက် မချမှတ်မီ အမျိုးသားအစောင့် တပ်ဖွဲ့ ဆက်လက် တပ်ချထားဖို့ အဆင့်မြင့်တရားရုံးက ကြာသပတေးနေ့မှာ ခွင့်ပြုခဲ့ပါတယ်။
ကိုးကား – NHK
Ref; US govt. to shorten duration of work permits for refugees and asylum seekers