ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
မြန်မာ – ထိုင်းနယ်စပ်ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းများလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ရှင်းလင်းမည်ဖြစ်ကြောင်း စစ်ကော်မရှင် သတင်းစာကဖော်ပြထားသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ ၁၆၁ လုံးချိတ်ပိတ်သိမ်းဆည်းထားပြီး ယင်းထဲမှ ဟုံံထု ၁၃ ထပ် အဆောက်အအုံတစ်လုံးကိုစတင်၍ စနစ်တကျဖြိုချဖျက်ဆီးလိုက်ကြောင်း ထုတ်ပြန်သည်။

အဆိုပါနယ်မြေကိုစတင်ရှာဖွေသည့် နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ အဆောက်အအုံ ၃၈၃ လုံးရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့်အဆောက်အအုံ ၁၆၉ လုံး၊ ကွန်ပျူတာ အလုံး ၃၃၁၀ ၊ မိုဘိုင်းဖုန်းအလုံး ၂၁၈၇၀၊ star link ဗန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် ပစ္စည်းအများအပြားတွေ့ရှိပြီးရှင်းလင်းသွားမည်ဖြစ်ကြာင်းသိရသည်။
ယမန်နေ့က ကုက္ကိုလ်နယ်မြေမှ တရုတ်နိုင်ငံသား ၂၉၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၅၆ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၁၁ ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၃၆၀ တို့ကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးခဲ့သည်။
စစ်ကော်မရှင်နှင့် နယ်ခြားစောင့်တပ်ထိန်းချုပ်ထားရာ မြန်မာ – ထိုင်းနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများလုပ်သည့်နေရာများကို ရှင်းလင်ပြီး KK park အတွင်းရှိ ကွန်ပျူတာ၊ ဖုန်း၊ အဆောက်အအုံများကိုဦးစွာဖျက်ဆီးရှင်းလင်းခဲ့သည်။

နိုဝင်ဘာနောက်ဆုံးအပတ်တွင် ကရင်အမျိုးသားအစည်းအရုံး ( KNU ) က DKBA ပိုင်ကျားဖြန့်ခြံဝင်းတွေ့ရှိ၍ ရှင်လင်းရေးလုပ်ဆောင်ရာတွင် စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းကျည်ဆံများ ထိုင်းနိုင်ငံအထိကျရောက်ခဲ့သည်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပါအဝင်ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံရှိ အွန်လိုင်းလိမ်လည်စင်တာများ နှိမ်နင်းရေးအထူးအဖွဲ့ဖွဲ့စည်းပြီနောက် အမေရိကန်အောက် လွှတ်တော်က နိုင်ငံခြားလိမ်လည်မှုဂိုဏ်းများတိုက်ဖျက်ရေးဥပဒေ ( Dismantle Foreign Scam Syndicates Act) အတည်ပြုလိုက်ကြောင်းသိရသည်။
ဓာတ်ပုံ – Reporter, KNU