ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

အမေရိကန်နိုင်ငံက ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေးစီမံချက်ကို ဆက်လက် တွန်းအားပေးနေမှု ကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲ ပြီးဆုံးလိုတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

“သူ (ပူတင်) က ယူကရိန်းစစ်ပွဲ ပြီးဆုံးစေလိုပါတယ်” လို့ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သ တင်းထောက်တွေကို ပြောပါတယ်။

မော်စကိုမြို့တော်မှာ ပူတင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်၊ သားမက်နဲ့အကြံပေး ဂျာရက်ကက်ရှ်နာတို့နဲ့ အင်္ဂါနေ့ညပိုင်းမှာ ဖုန်းပြောခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး သဘောတူညီမှုရဖို့ ရုရှားနိုင်ငံက အလွန်အမင်း ဆန္ဒပြင်းပြခဲ့ ပြီး မော်စကို ဆွေးနွေးမှုတွေဟာ ကောင်းမွန်သော တွေ့ဆုံမှုတစ်ခု ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ပိုင်နက်နယ်မြေသတ်မှတ်မှုနဲ့ ယူကရိန်းရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး အပါအဝင် ကိစ္စရပ်တွေအပေါ် မည်သည့် အပေးအယူမှ သဘောတူခဲ့တာမရှိဘူးလို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်ရဲ့ အဆိုးရွားဆုံး ပဋိပက္ခဖြစ်တဲ့ ယူကရိန်းစစ်ပွဲ အဆုံး သတ်ရေး ငြိမ်းချမ်းရေးစီမံချက်နဲ့ပတ်သက်လို့ အိမ်ဖြူတော်က အကောင်းမြင်ထားပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ မကြာသေးမီက နယ်မြေသိမ်းပိုက်မှုတွေကြောင့် ဆွေးနွေးမှုကို ပုံဖော်လာခဲ့ တယ်လို့ ဆွေးနွေးမှုမှာပါဝင်ခဲ့တဲ့ ပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြံပေး ယူရီအူရှာကော့ဗ်က ပြောပါ တယ်။

“ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရုရှားစစ်တပ်ရဲ့ စစ်မြေပြင် အောင်မြင်မှုက ဆွေးနွေးမှုတွေကို သက်ရောက်စေခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – TRT World
Ref; Trump says Putin wants to end Ukraine war as Moscow flags hurdles to US peace plan