ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

မြန်မာစစ်တပ်နဲ့ KNU တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲ ဆောက်မြို့ရှိ နေအိမ် ၉ လုံးကို လက်နက်ကြီးကျည်စနဲ့ ကျည်ဆံတွေ ထိမှန်ခဲ့လို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ထိုဖြစ်စဉ်တွေကြောင့် မဲဆောက်မြို့ရှိ ထိုင်-မြန်မာ နယ်စပ်စစ်ဆေးရေးဂိတ်ကို တစ်ပတ်ကြာပိတ် ကြောင်း ကာကွယ်ရေးဝန်ကြီး နတ်တာဖွန်နက်ဖာနစ်က ကြေညာခဲ့ပါတယ်။

မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးမှာ မြန်မာစစ်တပ် အမှတ် ၂၂ တပ်မနဲ့ KNU တပ်မဟာ ၆ ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ နယ်စပ်သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၅ ဉီးခန့် ဒဏ်ရာရရှိခဲ့တာကြောင့် ကျားဖြန့်အချက်အချာ ရွှေကုက္ကိုလ်ရှိ ကြီးမားသော အဆောက်အအုံတစ်လုံးကို မြန်မာစစ်တပ်က မြေပြင်ဆေးရုံအဖြစ် အသုံးပြုခဲ့ရတယ်လို့ သိ ရပါတယ်။

မင်းလက်ပံရွာအနီး တိုက်ပွဲအတွင်း လက်နက်ကြီးကျည်စတွေနဲ့ ကျည်ဆံတွေဟာ ထိုင်းဘက် ခြမ်းထဲ ကျရောက်ကာ နေအိမ် ၉ လုံးကို ထိမှန်ခဲ့တာပါ။

ထိုင်းစစ်တပ်နဲ့ ရပ်ရွာအကြီးအကဲတွေဟာ ဖြစ်စဉ်ကို စစ်ဆေးရာမှာ အိမ်ခေါင်မိုးတွေနဲ့ ခြံဝင်းတွေ အတွင်း ၅ ဒသမ ၅၆ မီလီမီတာ၊ ၇ ဒသမ ၆၂ မီလီမီတာအပြင် ၆၀ မမမော်တာကျည် အပိုင်းအစတွေ တွေ့ရှိခဲ့ပါတယ်။

မြန်မာစစ်တပ်က ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ ပို့ဆောင်ကာ KNU တပ်ဖွဲ့က ခံစစ်စခန်းသုံးခုကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ထိုင်းတပ်ဖွဲ့တွေကလည်း နယ်စပ်တစ်လျှောက်မှာ အသင့်အနေအထား ဆက်လက်ရှိနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်းပိုင်နက်ထဲကို ကျည်ဆံကျရောက်လာပါက ထိုင်းတပ်ဖွဲ့တွေက သတိပေးပစ်ခတ်မှုတွေနဲ့ တုံ့ပြန်ခဲ့ပြီး လိုအပ်ရင် ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းရေး အစီအစဉ် လုပ်ဆောင်မယ်လို့ နတ်တာ ဖွန်နက်ဖာနစ်က ဆိုပါတယ်။

ထိုင်းစစ်တပ်ဟာ မယ်ဟောင်ဆောင်နဲ့ တက်ခ်ပြည်နယ်တွေမှာ အပြည့်အဝ ပြင်ဆင်ထားတယ် လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Thai homes hit in Myanmar clash