ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

 

မြန်မာ – ထိုင်းနယ်စပ် ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်မှုစင်တာရှိ ၁၂ ထပ်အဆောက်အဦးကို ပထမဦးဆုံးအကြိမ်အဖြစ်ဗုံးခွဲဖျက်ဆီးလိုက်ကြောင်းသတင်းရရှိသည်။

 

ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် ( BGF) တို့က ရွှေကုက္ကိုလ်ရှိ ၁၂ ထပ် အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးလိုက်ကြောင်း ထိုင်းသတင်းဌာန The Reporter တွင်ဖော်ပြထားသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် အဆောက်အအုံများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ဒီဇင်ဘာ ၂ ရက်နေ့အထိ တရားမဝင်အဆောက်အအုံ ၁၆၁ လုံးချိတ်ပိတ်ကြောင်း စစ်ကော်မရှင်ကထုတ်ပြန်ထားသည်။

 

ယခုလိုဗုံးခွဲမှုက အွန်လိုင်းလိမ်လည်မှုစင်တာများကို ဖျက်ဆီးရန်နှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ကောင်းများကို မောင်းထုတ်လို၍ ပြသသည့် ပူးပေါင်းစစ်ဆင်ရေးဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင်ဖော်ပြထားသည်။

 

အဆိုပါဗုံးခွဲဖျက်ဆီးခံရသည့် အဆော်ကအအုံ ၁၂ ထပ်တိုက်သည် ဖော်ခွဲခံရပြီးနောက် အဆောက်အအုံတစ်ခုလုံးပြိုကျသွားကြောင်းသိရသည်။

ရွှေကုက္ကို အထူးစီးပွားရေးဇုန်ကို ၂၀၁၇ ခုနှစ်တွင် တရုတ်ရင်းနှီးမြှုပ်နှံသူများက စတင်တည်ဆောက်ခဲ့ပြီး BGF ထိန်းချုပ်နယ်မြေအတွင်း မြန်မာအစိုးရထံမှ လုပ်ပိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး တရုတ်လူမျိုး လိမ်လည်သူများက နိုင်ငံခြားသားများကိုအလုပ်လုပ်ရန်ခေါ်ဆောင်လာသည့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများဖြင့် အနက်ရောင်နှင့် မီးခိုးရောင် စီးပွားရေးလုပ်ငန်းများ၏ ဗဟိုချက် ဖြစ်လာခဲ့ကြောင်းဖော်ပြထားသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ မှ ၂၂ ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် BGF တို့ ပူးပေါင်း၍ KK Park အတွင်းရှိ အွန်လိုင်းလိမ်လည်စင်တာ အဆောက်အအုံများကို ဗုံးခွဲဖျက်ဆီးခဲ့ရာ နိုင်ငံခြားသားအများအပြား ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာကြောင်းပါဝင်သည်။

 

ဓာတ်ပုံ- REPORTERS