ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးဖို့ အင်္ဂါနေ့က မော်စ ကိုမြို့တော်မှာ အမေရိကန် အထူး ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

၎င်းတို့နှစ်ဉီးဟာ အမေရိကန်အဆိုပြုတဲ့ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ပိုင်နက်နယ်မြေကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းက သဘောထားကွဲနေဆဲဖြစ်ပြီး သဘောတူညီချက် ရ မရ မသိရ သေးပါဘူး။

စတိဗ်ဝစ်ကော့ဖ်နဲ့အတူ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သားမက် ဂျာရတ်ကက်ရှ်နာ လိုက်ပါလာခဲ့ပြီး ပူ တင်နဲ့အတူ နိုင်ငံခြားရေးမူဝါဒ လက်ထောက် ယူရီအူရှာကော့ဗ်၊ အထူးကိုယ်စားလှယ် ကီရေးလ်ဒီမီထ ရက်တို့ ပါဝင်ခဲ့ပါတယ်။

နှစ်ဘက်စလုံးဟာ ဒေါ်နယ်ထရမ့် အကြံပြုထားတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် အစည်းအဝေးကို အခြေခံပြီး ဆွေးနွေးခဲ့ကြပါတယ်။

ခရိုင်းမီးယားနဲ့ အရှေ့ပိုင်းဒေသနှစ်ခုကို ရုရှားပိုင်နက်အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ ပူတင်က ပြီးခဲ့တဲ့လမှာ တောင်းဆိုခဲ့ပေမယ့် ယူကရိန်းက အလျှော့ပေးလိုတဲ့ဆန္ဒ မဖော်ပြခဲ့ပါဘူး။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်းနက်ခ်ဒေသရှိ မဟာဗျူဟာအရ အရေးပါတဲ့ Pokrovsk မြို့တော်ကို သိမ်းပိုက်ခဲ့တယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

ရုရှားစစ်တပ်ဟာ စစ်ဉီးစီးချုပ် ကတိစကားအတိုင်း ဘယ်ဒေသမှာမဆို အလွယ်တကူ ချီတက် နိုင်တယ်လို့ ပူတင်က ပြောပါတယ်။

မော်စကိုမြို့တော်မှာကျင်းပတဲ့ ဆွေးနွေးမှုရလဒ်တွေကို စောင့်ဆိုင်းနေပြီး အချက်ပြမှုအားလုံး ကို လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံ မပါဝင်ဘဲ မည်သည့်ဆုံးဖြတ်ချက်မှ ချမှတ်လို့မရကြောင်း၊ ဒေါ်နယ်ထရမ့်နဲ့ ဆွေး နွေးမှုတွေပြုလုပ်ဖို့ အဆင်သင့်ရှိကြောင်း ၎င်းက ဆိုပါတယ်။

ကိုးကား – NHK
Ref; Putin, Witkoff discuss peace deal in Moscow