ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
အင်ဒိုနီးရှား၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံမှာ မိုးသည်းထန်မှု၊ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူဉီးရေ ၁၃၇၉ ဉီးအထိ ရှိလာခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း ဆုမားတြားကျွန်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူ ၇၄၄ ဉီး သေဆုံးကာ ၅၅၁ ဉီး ပျောက်ဆုံးနေပါတယ်။
ဆုမားတြားပြည်နယ်မြောက်ပိုင်းမှာ နေအိမ်တွေ ရေနစ်မြုပ်မှုကြောင့် ပြည်သူ ၅၀၀၀၀၀ ကျော် ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပါတယ်။
မကြာမီ အိမ်ပြန်နိုင်သေးမှာမဟုတ်ဘဲ ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ် တယ်လို့ ရေဘေးရှောင်စခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။
အင်ဒိုနီးရှား ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီဟာ စစ်တပ်နဲ့အတူ ကယ်ဆယ်ရေးလုပ်ငန်း တွေ ဆောင်ရွက်နေပါတယ်။
သဘာဝဘေးအန္တရာယ်သင့် ဒေသများစွာမှာ လမ်းမကြီးတွေ ပြတ်တောက်သွားတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ အခက်အခဲတွေ ရင်ဆိုင်နေရပြီး အခြေခံအဆောက်အအုံတွေ ပြန်လည် ပြုပြင်ရေးဟာ အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။
သဘာဝဘေးကြောင့် သေဆုံးသူအရေအတွက်ဟာ သီရိလင်္ကာနိုင်ငံမှာ ၄၆၅ ဉီးနဲ့ ထိုင်းနိုင်ငံမှာ ၁၇၀ ဉီးအထိ ရှိလာခဲ့ပြီး လူ ၉၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Death toll from heavy rain in Asia climbs to over 1,300, more than 900 missing