ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်
ကမ္ဘာ့ထိပ်တန်း စစ်လက်နက်ထုတ်လုပ်သူတွေဟာ ပထဝီနိုင်ငံရေး တင်းမာမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်က စံချိန်တင် ဝင်ငွေတွေ ရရှိခဲ့တယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျု့ (SIPRI) က ပြောပါတယ်။
ကမ္ဘာ့ထိပ်တန်း စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ၁၀၀ ရဲ့ စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၆၇၉ ဘီလီယံအထိ လွန်ခဲ့သောတစ်နှစ်ကထက် ၅ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ SIPRI က တနင်္လာနေ့ မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
ကမ္ဘာ့ထိပ်တန်းစစ်လက်နက်ထုတ်လုပ်သူ ၁၀၀ အနက် လော့ဟိမာတင် အပါအဝင် ၃၉ ခုဟာ အ မေရိကန်ကုမ္ပဏီတွေ ဖြစ်ပြီး စုစုပေါင်း ဝင်ငွေရဲ့ ထက်ဝက်နီးပါး ရှိပါတယ်။
ကမ္ဘာ့ထိပ်တန်း စစ်လက်နက်ထုတ်လုပ်သူ ၁၀၀ ထဲမှာ တရုတ်ကုမ္ပဏီ ၈ ခု ပါဝင်ပြီး အဆိုပါ ကုမ္ပဏီတွေရဲ့ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်ကထက် လျှော့နည်းခဲ့ပေမယ့် စုစုပေါင်း ဝင်ငွေမှာ ဒုတိယအ များဆုံး ဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း စစ်လက်နက်ထုတ်လုပ်သူ ၁၀၀ စာရင်းမှာ ဂျပန်နိုင်ငံမှာ ကုမ္ပဏီ ၅ ခု ပါဝင်ပြီး ယင်းကုမ္ပဏီတွေရဲ့ စုစုပေါင်းဝင်ငွေဟာ ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံအထိ ၄၀ ရာခိုင်နှုန်း မြင့်တက်လာ ခဲ့ပါတယ်။
ယူကရိန်းနဲ့ ဂါဇာစစ်ပွဲတွေ၊ ကမ္ဘာလုံးဆိုင်ရာနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ၊ စံချိန်တင် စစ်ရေး အသုံးစရိတ်တွေကြောင့် စစ်လက်နက်ဝယ်လိုအား တိုးလာခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့လက်နက်ထုတ် လုပ်ရေးကုမ္ပဏီတွေရဲ့ ဝင်ငွေဟာ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; World’s top arms producers post record revenues in 2024, Swedish think tank says