ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ၂ ရက်
ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှိမစ်ဆုဟာ ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့တွင် ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီ ဘစ်ရှော့ပ်နဲ့ တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့ပါတယ်။
ဂျူလီဘစ်ရှော့ပ်ရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို လေးစားသမှုရှိကြောင်း၊ မြန်မာနိုင်ငံမှာ ပဋိပက္ခအခြေအနေ ဆိုးရွားလာတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိကြောင်း မိုတီဂီက ပြောပါတယ်။

ပဋိပက္ခဖြေရှင်းတာ တိုးတက်လာစေဖို့နဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီ အကောင်အထည် ဖော်ဆောင်ဖို့ တိုက်တွန်းတာမျိုးလို ဂျပန်အစိုးရရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်း မှုတွေကိုလည်း ၎င်းက ရှင်းပြခဲ့ပါတယ်။
မြန်မာပဋိပက္ခကို အဖြေရှာရာမှာ ဂျပန်နိုင်ငံက အရေးပါသော အခန်းကဏ္ဍမှပါဝင်ကြောင်း၊ လက်ရှိ အချိန်ထိ ဂျပန်အစိုးရရဲ့ ကြိုးပမ်းမှုတွေကို တန်ဖိုးထားကြောင်း ဂျူလီဘစ်ရှော့ပ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း ကုလသမဂ္ဂရဲ့ အစီအစဉ်တွေနဲ့ အနာဂတ် အလားအလာ တွေကို ၎င်းက ရှင်းပြခဲ့ပါတယ်။ မြန်မာ့အရေးဖြေရှင်းမှု တိုးတက်လာရေးမှာ ကုလသမဂ္ဂက တက်ကြွ သော အခန်းကဏ္ဍမှပါဝင်ဖို့ မျှော်လင့်ကြောင်း မိုတီဂီက ပြောပါတယ်။
မြန်မာပဋိပက္ခ ဖြေရှင်းရာမှာ အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ဖို့ကိုလည်း နှစ်ဦး စလုံးက သဘောတူခဲ့ပါတယ်။