ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်
လွန်ခဲ့သောနှစ်လက ကြေညာခဲ့တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် ပထမဆုံး လက် နက်တွေဝယ်ယူဖို့ စီစဉ်နေပြီး တရုတ်က စစ်ရေးအရ ရန်စမှုတွေ အရှိန်မြှင့်လာတာကြောင့် ထိုင်ဝမ်က အ ဆိုပါဒုံးခွင်းစနစ် အရေးတကြီး လိုအပ်တာကို မီးမောင်းထိုးပြနေပါတယ်။
ပြည်တွင်းထုတ် လက်နက်စနစ်မှာ ချိတ်ဆက်နိုင်ရေး IBCS ဒုံးခွင်းစနစ် ဝယ်ယူဖို့ ထိုင်ဝမ် ကာ ကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်သံရုံးနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ တိုင်ပေအခြေစိုက် UDN သတင်းဌာနက ဒီဇင်ဘာလ ၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
IBCS ဟာ ခြိမ်းခြောက်မှုတွေကို မြန်ဆန်စွာ ပစ်မှတ်ထားပြီး တိုက်ခိုက်နိုင်တဲ့ ပလက်ဖောင်းတစ် ခုအဖြစ် အာရုံခံစနစ်တွေ၊ လက်နက်တွေကို ချိတ်ဆက်ပေးပါတယ်။
ထိုင်ဝမ်ရဲ့ ဝယ်ယူမယ့်စစ်လက်နက်တွေထဲမှာ Patriot PAC-3 စနစ်တွေ ပါဝင်မှာဖြစ်ပြီး ထိုင်ဝမ် ရဲ့ ရှိယင်းစွဲ ဒုံးတပ်ဖွဲ့ကိုလည်း အဆင့်မြှင့်မယ်လို့ UDN က ဖော်ပြပါတယ်။
သတင်းထောက်တွေက ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူအား လက်နက်ဝယ်ယူမှု အကြောင်း မေးမြန်းရာမှာ မှတ်ချက်မပေးဘူးလို့ ပြောပါတယ်။
အမေရိကန်ကွန်ဂရက်က အကြောင်းမကြားသရွေ့ စစ်လက်နက်ရောင်းချမှုကို မှတ်ချက်မပေးဘူး လို့ ထိုင်ဝမ်ရှိ အမေရိကန်အင်စတီကျု့က ပြောပါတယ်။
တရုတ်ရဲ့ မည်သည့်ကျုးကျော်မှုကိုမဆို ပိုမိုကောင်းမွန်စွာ ဟန့်တားမယ့် လုပ်ဆောင်ချက်တစ်ခု ရှေ့ဆက်မှုအဖြစ် ထိုင်ဝမ်ကို လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ T-Dome လို့ခေါ်တဲ့ ဒုံးခွင်းစ နစ်တည်ဆောက်မှု အရှိန်မြှင့်မယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက အောက်တိုဘာလအတွင်း ပြော ကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း အထူးသဖြင့် ၂၀၂၄ ခုနှစ်မှာ လိုင်ချင်တေး သမ္မတ ဖြစ်လာပြီးနောက်ပိုင်း ထိုင်ဝမ်အပေါ် စစ်ရေးခြိမ်းခြောက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
ထိုင်ဝမ်က ထပ်တိုး စစ်ရေးဘတ်ဂျက် ဒေါ်လာ ၄၀ ဘီလီယံ သုံးစွဲဖို့ စီစဉ်နေတယ်လို့ လိုင်ချင် တေးက ပြီးခဲ့တဲ့အပတ်မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – Bloomberg
Ref; Taiwan reportedly plans first weapons purchases for T-Dome to counter China