ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

ဗင်နီဇွဲလားလေပိုင်နက်ကို ပိတ်သင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးခဲ့ပြီး မူးယစ်မှောင်ခိုကူးမှုနဲ့ပတ်သက်လို့ ဗင်နီဇွဲလားနိုင်ငံကို ဖိအားတိုးပေးလိုက်ပါတယ်။

ဗင်နီဇွဲလားအစိုးရက ထုတ်ပြန်ချက်တစ်ခုအတွင်း ဒေါ်နယ်ထရမ့်ရဲ့ လူမှုကွန်ရက်မှတ်ချက်ကို ပြတ်သားစွာ တုံ့ပြန်ခဲ့ပါတယ်။

ကိုလိုနီနိုင်ငံရဲ့ ခြိမ်းခြောက်မှုဟာ အချုပ်အခြာအာဏာ လေပိုင်နက်ကို ထိခိုက်စေပြီး ဗင်နီဇွဲလား ပြည်သူတွေကို တရားမဝင် ကျူးကျော်မှုဖြစ်တယ်လို့ ဗင်နီဇွဲလားအစိုးရက ရှုတ်ချပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့အပတ်က ဗင်နီဇွဲလားသမ္မတ နီကိုးလတ်စ်မာဒူရိုနဲ့ ဖုန်းပြောဆိုခဲ့တယ် လို့ The Wall Street Journal က စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။

မာဒူရိုအား ရာထူးမှနှုတ်ထွက်ဖို့ ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့ပြီး ဗင်နီဇွဲလားသမ္မတ၊ သူ့လက် ထောက်တွေနဲ့ မိသားစုတွေကို လွတ်ငြိမ်းချမ်းသွာခွင့်ပြုဖို့ ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ ဗင်နီဇွဲလား ရေပိုင်နက်အလွန်မှာ မူးယစ်ဆေးဝါးတင်ဆောင်တဲ့ ရေယာဉ် တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှ မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ပမာဏဟာ အကြမ်းဖက်ဝါဒဖြစ်တယ်လို့ အမေ ရိကန်အစိုးရက ဆိုပါတယ်။

အမေရိကန်အစိုးရက ကာရစ်ဘီယံဒေသသို့ လေယာဉ်တင်သင်္ဘောတစ်စင်း၊ တိုက်ခိုက်ရေးရေ ယာဉ်တစ်စင်းနဲ့ အခြားစစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။

မကြာမီ မြေပြင်စစ်ဆင်ရေးတွေ စတင်ဖွယ်ရှိတယ်လို့ အမေရိကန်အစိုးရက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Trump warns Venezuela’s airspace is ‘closed’