ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

နယ်စပ်မှပစ်ခတ်တဲ့ အမြောက်ကျည်တွေ မဲဆောက်ခရိုင်တွင်း ကျရောက်ခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးပြီး အရပ်သားနှစ်ဉီး ဒဏ်ရာရရှိခဲ့ရာ ထိုင်းစစ်တပ်က မြန်မာနိုင်ငံတွင်းသို့ သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြဝတီမြို့နယ်၊ မင်းလပန်ရွာမှာ တိုက်ပွဲဖြစ်ပွားပြီး နောက် ထိုင်းပိုင်နက်ထဲ အမြောက်ကျည်တွေ ကျရောက်ခဲ့တာလို့ အမှတ် ၃ စစ်ဒေသရဲ့ တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝိုရာသက်ဘွန်ညာက ပြောပါတယ်။

အမည်မသိလက်နက်ကိုင်တွေ ပစ်ခတ်လိုက်တဲ့ ၆၀ မမ အမြောက်ကျည်ဟာ နယ်စပ်ရှိ ထိုင်း ဘက်ခြမ်းသို့ ကျရောက်ခဲ့ရာ ထိုင်းနယ်စပ်ရှိ အထူးတပ်ဖွဲ့က သတိပေးမှုအဖြစ် ၁၂၀ မီလီမီတာ မီးခိုးဗုံး တွေ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာဘက်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နယ်စပ်ဒေသရှိ နေအိမ်တစ်လုံး ပျက်စီးကာ မြန် မာနိုင်ငံသားနှစ်ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိတဲ့ အမျိုးသမီးနဲ့ ကလေးငယ်ဟာ ဆေးကုသမှုခံယူနေပြီး အခြေအနေ ကောင်းမွန် တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတွေဟာ တနင်္ဂနွေနေ့က မြန် မာမှ ထိုင်းနိုင်ငံထဲ တရားမဝင် ဖြတ်ကျော်လာတဲ့ နိုင်ငံခြားသား ၄၄ ဉီးကို ဖမ်းဆီးခဲ့တယ်လို့ သူက ဆိုပါ တယ်။

နိုင်ငံခြားသားတွေထဲမှာ တရုတ်နိုင်ငံသား ၄၁ ဉီး၊ အီသီယိုးပီးယား၊ မလေးရှားနဲ့ နိုင်ဂျီးရီးယားနိုင် ငံသားတွေ ပါဝင်ပြီး စစ်ဆေးဖို့ မဲဆောက် လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ အသိုင်းအဝိုင်းတွေကို ကာကွယ်ပေးဖို့ အထူးတပ်ဖွဲ့ဟာ အခြား လုံခြုံရေးတပ်ဖွဲ့တွေနဲ့အ တူ အချိန်ပြည့် ကင်းလှည့်ပြီး စောင့်ကြည့်သွားမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဝိုရာသက်က ပြောပါတယ်။

နယ်စပ်တစ်လျှောက်ရှိ ဒေသခံတွေဟာ နိုးနိုးကြားကြား ရှိသင့်ပြီး ဘေးကင်းလုံခြုံရေး စည်းမျဉ်း တွေကို လိုက်နာကာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို ဒေသန္တရ အာဏာပိုင်တွေထံ တင်ပြကြဖို့ ၎င်းက တိုက်တွန်းပါတယ်။

ထိုင်းစစ်တပ်ဟာ ထိုင်းပိုင်နက်ကို ကာကွယ်ပြီး နှစ်နိုင်ငံစလုံးမှ ဘေးသင့်ပြည်သူတွေအတွက် လူ သားချင်းစာနာမှုကို အခြေခံကာ လုံခြုံရေး ဆောင်ရွက်ပေးမယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Shells from Myanmar hit border area