ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

သိမ်းပိုက်ထားတဲ့နယ်မြေများမှ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာမှသာ ယူကရိန်းစစ်ပွဲ ရပ်တန့်မယ် လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေ မဆုတ်ခွာရင် ရုရှားက အင်အားသုံးပြီး အောင်ပွဲရအောင် တိုက်ခိုက်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။

တနင်္ဂနွေနေ့က အမေရိကန်နဲ့ ယူကရိန်း တာဝန်ရှိသူတွေ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တော်မှာ ငြိမ်းချမ်းရေးစီမံချက် ဆွေးနွေးခဲ့မှုအပေါ် ကာဂျစ္စတန်နိုင်ငံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို မှတ်ချက်ပြုတာပါ။

ငြိမ်းချမ်းရေးစီမံချက်ဟာ အနာဂတ် သဘောတူညီချက်တွေအတွက် အခြေခံအချက်တွေ ဖြစ်လာ နိုင်တယ်လို့ ပူတင်က ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ နယ်မြေအချို့မှာ ရုရှားရဲ့နေရာကို ဝင်ယူနေတယ်လို့ ရုရှားက ရှုမြင်ကြောင်း သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံဟာ ပြီးခဲ့နှစ်က စီစဉ်ထားတဲ့ သမ္မတရွေးကောက်ပွဲကို မကျင်းပခဲ့တာကြောင့် ယူက ရိန်းသမ္မတ ဇီလန်စကီးဟာ တရားဝင်ရာထူး ဆုံးရှုံးခဲ့ပြီလို့ ပူတင်က ထောက်ပြခဲ့ပါတယ်။

ယူကရိန်းခေါင်းဆောင်ပိုင်းနဲ့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခြင်းဟာ အကျိုးမရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – NHK
Ref; Putin: Fighting will continue unless Ukraine forces withdraw