ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က NLD ပါတီရဲ့ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းရဲ့ နေ အိမ်ကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ လာရောက်ချိပ်ပိတ် ခဲ့တယ်လို့ သိရပါတယ်။

အေးမြသာရာရပ်ကွက်မှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ကိုအောင်ဟိန်းမင်းရဲ့နေအိမ်ကို စစ်ကောင်စီ တပ်သား အင်အား ၅၀ လောက်နဲ့ လာရောက်ပြီး ချိပ်ပိတ်သွားသလို အိမ်ကိုလည်း ဝင်ရောက်ရှာဖွေတာတွေ ပြု လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက်လာလုပ်သွားတာ ချိပ်ပိတ်သွားတာဟုတ်တယ် သေချာအောင်သွားကြည့်ပြီးပြီ အိမ်ထဲဝင်ရှာတယ်ဆို တာတော့ သေချာမသိလိုက်ဘူး ဟုတ်ဖို့များတယ်လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က နေအိမ်ချိပ်ပိတ်တာခံခဲ့ရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းဟာ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကနေ ကိုယ်စားပြုယှဉ်ပြိုင်အနိုင်ရခဲ့သူတဦးဖြစ်ပြီး သတင်းထောက်ကနေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ တဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။

သူက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လွတ် မြောက်နယ်မြေတစ်ခုကို သွားရောက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအတွက် အလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေတဲ့သူ တဦးလည်းဖြစ်တယ်လို့ သိရပါတယ်။