ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးမှုမှာ အ မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သက်သေအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ မလေးရှားနိုင်ငံသို့ ရောက်ရှိနေ ပြီး အာရှခရီးစဉ်ရဲ့ ပထမဆုံး ခရီးတစ်ထောက်ဝင်ရာနေရာဖြစ်ကာ ဂျပန်နဲ့ တောင်ကိုရီးယားသို့လည်း သွားရောက်မယ်လို့ သိရပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားကြား ပဋိပက္ခမှာ သူပါဝင်မှုကြောင့် အပစ်အခတ်ရပ်စဲမှု တစ်ကယ်ဖြစ်လာ ခဲ့တာလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

“သန်းနဲ့ချီတဲ့ လူတွေရဲ့အသက်ကို ဒီငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ကယ်ဆယ်နိုင်ခဲ့တဲ့အ တွက် အရမ်း စိတ်လှုပ်ရှားရပါတယ်” လို့ ၎င်းက ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ နယ်စပ်တစ်လျှောက် လက်နက်ကြီးတွေ ဖယ် ရှားပြီး မိုင်းတွေ ရှင်းလင်းဖို့ ပါဝင်ပြီး အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဆောင်မှု စောင့် ကြည့်ဖို့ အာဆီယံ လေ့လာသူအဖွဲ့ ထူထောင်မှာ ဖြစ်ပါတယ်။

အခမ်းအနားမှာ ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်မှုကို ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်း ဆောင်တွေက ချီးကျူးခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပေမယ့် ထိုင်းနဲ့ကမ္ဘောဒီးယားကြား တင်းမာမှုတွေ ဆက်ရှိနေပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို ပိတ်ထားဆဲဖြစ်ပါတယ်။

နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ ဆယ်စုနှစ်တစ်ခုကျော် ဖြစ်ပွားခဲ့ပြီး ပြဿနာအများစုကို မဖြေ ရှင်းရသေးဘူးလို့ သိရပါတယ်။

ကိုးကား – NHK
Ref; Trump oversees signing of Thai-Cambodia peace deal in Malaysia