ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) အကောင်အထည်ဖော်ဆောင်ရာမှာ တဖြည်း ဖြည်း တိုးတက်မှုတွေ ရှိလာခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။
ဘုံသဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူထားတဲ့အတိုင်း အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးကို စုပေါင်း ဖြေရှင်းမယ်လို့ ၎င်းက ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ရှိနေပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းနဲ့ နှိုင်းယှဉ်ကြည့်ရင် တိုက်ပွဲတွေ နည်းလာပါတယ်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာ သို့မဟုတ် အာဆီယံအဖွဲ့မှ ဒုက္ခသည် ၂၀၀၀၀၀ ရှိပေမယ့် ကျွန်တော်တို့ အလားတူပြဿနာတွေ မကြုံတွေ့ရတော့ပါဘူး” လို့ ဘလွန်း ဘဂ် စီးပွားရေး ထိပ်သီးဆွေးနွေးပွဲ ညစာစားပွဲမှာ သူက ဆိုပါတယ်။
မြန်မာစစ်ကော်မရှင်က လူသားချင်းစာနာမှု အကူအညီပေးအပ်မှုကို ခွင့်ပြုကာ နိုင်ငံရေး သဘော ထားကွဲလွဲမှုကို အဖြေရှာရမယ်လို့ အန်ဝါအီဘရာဟင်က ဆက်ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ စစ်ဘက်ဆေးရုံဟာ လူမျိုးစုံကို ဆေးကုသပေးရာမှာ ဘာပြဿနာမှ မကြုံတွေ့ခဲ့ ပါဘူး။ ဒါဟာ အဓိက အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
လူ့အခွင့်အရေးအရပြောပါက စိတ်ကျေနပ်စရာမဟုတ်ပေမယ့် တဖြည်းဖြည်း တိုးတက်ဖြစ် ထွန်းမှုဖြစ်ကြောင်း၊ မြန်မာသက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်ရမယ်လို့ သူက ပြော ပါတယ်။
ကိုးကား – Bernama
Ref; Gradual progress seen in implementation of five-point consensus on Myanmar – Anwar