ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်
ဒီနှစ်ကုန်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို သက်ဆိုင်သူအားလုံးနဲ့ ပြည်သူတွေ အပါအဝင် အားလုံး ပါဝင်အောင်ကျင်းပဖို့ မြန်မာအာဏာပိုင်တွေကို ထိုင်းနိုင်ငံက တိုက်တွန်းမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆီ ဟာဆတ်ဖောင်ကတ်ကော်က ပြောပါတယ်။
ရွေးကောက်ပွဲဟာ တွေ့ဆုံဆွေးနွေးမှုနဲ့ တာရှည်ခံသော ငြိမ်းချမ်းရေးဖြစ်စေတဲ့ စဉ်ဆက်မပြတ် သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သင့်တယ်လို့ ၎င်းက ဆိုပါတယ်။
“ရွေးကောက်ပွဲမကျင်းပမီ ရွေးကောက်ပွဲနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အားလုံးပါဝင်ဖို့နဲ့ ထိုင်းနိုင်ငံက မြန်မာစစ်ကော်မရှင်ကို ဆက်လက်ပြီး တောင်းဆိုပါမယ်” လို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲကို အဆုံးသတ်ဂိမ်းကစားပွဲလို့ မရှုမြင်ကြောင်း၊ ရွေးကောက်ပွဲဟာ စဉ်ဆက်မပြတ် သော တွေ့ဆုံဆွေးနွေးမှုနဲ့ တာရှည်ခံသော ငြိမ်းချမ်းရေး ရရှိစေနိုင်နဲ့ ပြန်လည်ရင်ကြားစေ့ရေး မြှင့်တင် ပေးမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်သင့်ကြောင်း ၎င်းက ထောက်ပြပါတယ်။
ယခုနှစ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အရေးကြီးတဲ့နှစ်ဖြစ်လာမယ်လို့ ဆီဟာဆတ်က ဆို ပြီး မြန်မာနိုင်ငံဟာ ပြန်လည်ရင်ကြားစေ့ရေးနဲ့ တည်ငြိမ်မှု ရ မရနဲ့ မငြိမ်မသက်မှုတွေ ဆက်ဖြစ် မဖြစ်ဆို တာ ရွေးကောက်ပွဲက ဆုံးဖြတ်ပေးမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးကိုယ်စားလှယ်တစ်ဉီး ခန့်အပ်ရာမှာ စဉ်းစားကြဖို့လည်း ဆီ ဟာဆတ်က အာဆီယံခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။
ကိုယ့်ပြည်သူတွေကိုသာမက မြန်မာ-ထိုင်းနယ်စပ် အပါအဝင် အာဆီယံဒေသတစ်ခုလုံးကို အ ကျိုးသက်ရောက်စေခဲ့တဲ့ မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေကို ပိုပြီး အာရုံစိုက်ကြဖို့ ၎င်းက မီးမောင်းထိုး ပြခဲ့ပါတယ်။
အာဆီယံအဖွဲ့ရဲ့ ဗဟိုပြုမှုနဲ့ အများယုံကြည်လက်ခံနိုင်စွမ်းကို မထိခိုက်စေဖို့ မြန်မာ့အရေးကို နှိုင်း နှိုင်းချိန်ချိန် ကိုင်တွယ်ဖြေရှင်းရမယ်လို့ သူက သတိပေးခဲ့ပါတယ်။
“အခုချိန်ထိ အပြည့်အဝ မလုပ်ဆောင်ရသေးတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ဖော် ဆောင်မှုကို ဘယ်လို ပိုမို ကောင်းမွန်အောင် ပံ့ပိုးမလဲဆိုတာ ကျွန်တော်တို့ နည်းလမ်းရှာရပါမယ်” လို့ ၎င်း က ပြောပါတယ်။
ကိုးကား – Bernama
Ref; Inclusive election essential for peace in Myanmar, says Thai foreign minister