ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်
ဒီဇင်ဘာလအတွင်းကျင်းပမယ့် မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ နယူး ယောက်မြို့တော်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) နဲ့ မြန်မာအခြေစိုက် Justice for Myanmar တို့က အောက်တိုဘာလ ၂၃ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
မြန်မာစစ်ကော်မရှင်ဟာ နိုင်ငံတကာစံချိန်စံနှုန်းပြည့်မီတဲ့ ရွေးကောက်ပွဲ ကျင်းပလိုတဲ့ ရည်ရွယ် ချက်နဲ့စွမ်းရည် မရှိဘူးလို့ HRW ရဲ့ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ဆစ်ဖတန်က ပြောပါတယ်။
“စစ်ကော်မရှင်ရဲ့ ဖိနှိပ်မှုနဲ့ တရားမဝင် တိုက်ခိုက်မှုတွေက စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်လာနိုင် တဲ့ အခြေအနေမရှိပါဘူး” လို့ ၎င်းက ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ဒီမိုကရေစီအင်အားစုတွေကို ဖိနှိပ်မှုတွေ ဆက်လုပ်ကာ အကြောင်းမဲ့ ဖမ်းဆီး မှုတွေ၊ နှိပ်စက်မှုနဲ့ အဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သားတွေအပေါ် စစ်ရေး တိုက်ခိုက်မှုတွေ တိုးမြှင့်ခဲ့တယ်လို့ HRW က ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်ရမှုကို ဖြေရှင်းနိုင်မယ့် ကြိုးပမ်းမှုတွေ အရှိန်မြှင့်ကြဖို့ HRW က အာဆီယံအဖွဲ့ဝင်တွေနဲ့ မိတ်ဖက်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုတွေထဲမှာ လူသားမျိုးနွယ်စုအပေါ် ရာဇ ဝတ်မှု၊ စစ်ရာဇဝတ်မှု၊ အတိုက်အခံ နိုင်ငံရေးသမားတွေကို အကြောင်းမဲ့ ဖမ်းဆီးမှု၊ အတိုက်အခံ နိုင်ငံ ရေးပါတီတွေကို ဖျက်သိမ်းမှုတွေ ပါဝင်တယ်လို့ HRW က ဆိုပါတယ်။
မြန်မာစစ်ကော်မရှင်ဟာ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ဖူးလို့ HRW က ထောက်ပြပါတယ်။
ကိုးကား – UCA News
Ref; Rights groups urge ASEAN to oppose Myanmar junta’s ‘sham’ elections