ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
မြဝတီနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများထွက်ပြေးနေကြပြီးနောက် ပြည်တွင်းရှိအွန်လိုင်းအလောင်းကစားဒိုင်များအပါအဝင် ငွေလဲလှယ်သူ ၂၇ ဦးကို ဖမ်းဆီးကြောင်း ယနေ့ထုတ်စစ်ကော်မရှင် သတင်းစာတွင်ထုတ်ပြန်သည်။
ပြည်တွင်းရှိအွန်လိုင်းဂိမ်းကစားသူအများဆုံး ကစားသည့် 555 Mix ၊ Batman688 Slot ၊ Ibest789 ကုမ္ပဏီ ( ဗီယက်နမ်)၊ Moung 556 ၊ SHAN 234၊ 2D/3D ဂိမ်းအလောင်းကစား website လုပ်ကိုင်သူစီနီယာကော်မရှင်စားအေးဂျင့်များဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်ကထုတ်ပြန်သည်။

စစ်ကောင်စီအာဏာသိမ်းမှု၊အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ငွေကြေးကျပ်တည်းမှုများကြောင့် အလောင်းကစားလုပ်စားသူများလာပြီး ယင်းအပေါ်မီခိုသူများလာကြောင်းသုံးစွဲသူများထံမှ သိရသည်။
“ဒီဂိမ်းတွေကကျားဖြန့်မှန်းသိတယ်။ ဒါပေမဲ့မကစားပဲမနေနိုင်ဘူး။ ပိုက်ဆံနှစ်ထောင်နဲ့စဆော့ပြီးတော့ အခုသိန်းချီတဲ့အကောင့်ဖြစ်နေပြီ။ levels တက်လာရင် ပိုက်ဆံပမာဏများလာတယ်။ ဂိမ်း application တစ်ခုထဲဝင်လိုက်ရင် ကစားနေတဲ့သူက သုံးယောက်ရှိတယ်။ ပိုက်ဆံတွေအများကြီးနဲ့ကစားနေတာ။ အဲဒီအခါ ကိုယ်ကစိတ်ဝင်စားပြီး ကစားချင်တဲ့စိတ်ဖြစ်လာတယ်။ သူတို့တောင်နိုင်နေတာ ငါလည်းနိုင်အောင်ဆော့ မယ်ဆိုပြီးတော့ ကစားဖြစ်သွားတယ် ” ဟု ဂိမ်းကစားသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်နှင့် ဒဂုံမြို့သစ် ( အရှေ့ပိုင်း)၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် မဟာအောင် မြေမြို့နယ်ရှိ super senior agent များနှင့် ငွေလွှဲ/ငွေထုတ်သူများအပါအဝင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၇ ဦး၊ လက်ကိုင်ဖုန်း ၄၉ လုံး၊လက်တော့ပ် နှစ်လုံး၊ Tablet နှစ်လုံး၊ မော်တော်ယာဉ်ရှစ်စီးတို့ သိမ်းဆည်းထားပြီး အမှုဖွင့်လှစ်အရေးယူမည်ဖြစ်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်သည်။
“Slot ဂိမ်း၊ ကျွဲဂိမ်းကစားတဲ့သူတွေအရမ်းများလာတယ်။ ပိုက်ဆံထုတ်တဲ့သူတွေဆိုရင် ဂိမ်းကစားတဲ့လူတွေပဲ။ ပိုက်ဆံရတာနဲ့ ရှုံးတာဆို ရှုံးတာကပိုများပါတယ်” ဟု kpay ငွေလွဲလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်စပ်ရှိ KK park ဝန်းထဲက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများထံ စစ်ကော်မရှင်ဟန်ပြဝင်စီးပြီးနောက် ကျားဖြန့်လုပ်သူများထွက်ပြေးတိမ်း ရှောင်နေကြသည်။
ဓာတ်ပုံ – MOI