ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

မြန်မာစစ်ကော်မရှင် အကြီးအကဲ မင်းအောင်လှိုင်ဟာ ဒီလနှောင်းပိုင်း ကွာလာလမ်ပူမြို့တော်မှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခွင့်ရမှာမဟုတ်ဖူးလို့ မလေး ရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ရည်ရွယ်တဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို အာဆီ ယံအဖွဲ့က ခိုင်မာစွာ လိုက်နာတယ်လို့ ၎င်းက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း အာဆီယံ ထိပ်သီးအစည်းအဝေးကို မတက်ရောက်ဖူးလို့ အန် ဝါအီဘရာဟင်က အောက်တိုဘာလ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပူတင့်ကိုယ်စား ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ခ်က ရုရှားနိုင်ငံကို ကိုယ်စားပြုပြီး အာဆီ ယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မယ်လို့ ၎င်းက ဆိုပါတယ်။

အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက်တာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအ ဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် ထင်ရှားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက် မယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီတွေက စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရေးသားမှုတွေ ရှိနေချိန်မှာ အန်ဝါအီဘရာဟင်က အခုလို အ တည်ပြုလိုက်တာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရ ကို ဖြုတ်ချခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို ဒေသတွင်းနဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

ကိုးကား – Bernama
Ref; Anwar says Putin confirmed skipping Asean Summit in KL, Myanmar’s Min Aung Hlaing too