ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

စစ်အုပ်ချုပ်ရေး ခိုင်မာစွာအမြစ်တွယ်စေပြီး နိုင်ငံတကာဖိအား လျော့ပါးစေဖို့ ပုံဖော်ထားတဲ့ တ ရားမဝင် ရွေးကောက်ပွဲကျင်းပမယ့် မြန်မာစစ်တပ်ရဲ့ အစီအစဉ်တွေကို အာဆီယံခေါင်းဆောင်တွေက ပြတ်ပြတ်သားသား ပယ်ချရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဟာ ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေဖြစ်ခဲ့ တယ်လို့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ၎င်းက ပြောပါတယ်။

“မြန်မာစစ်အုပ်စုဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က လက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီ ချက် (၅) ရပ်ကို ပျက်ရယ်ပြုနေပါတယ်။ ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းချခံနေရဆဲဖြစ် ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ရေးသားခွင့် ဖိနှိပ်ခံရကာ အရပ်သားတွေကို စစ်တပ်က ဆက် လက် တိုက်ခိုက်နေပေမယ့် အာဆီယံအဖွဲ့ထံကနေ အတုအယောင် ရွေးကောက်ပွဲ တရားဝင်မှု လိုလားပါ တယ်” လို့ သူက ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှုဟာ မြန်မာနိုင်ငံကို နောက် ပြန်ရောက်စေပြီး တရားမျှတမှုကို မကာကွယ်နိုင်ဖြစ်စေပြီး ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ လေ့လာသူ တွေ စေလွှတ်တာ အပါအဝင် စစ်ကော်မရှင်ကို တရားဝင်မှုပေးတဲ့ လုပ်ရပ်တွေကို အာဆီယံခေါင်းဆောင် တွေက ရှောင်ကြဉ်ရမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“စစ်တပ်က အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ ကျူးလွန်နေပြီး နိုင်ငံရေးခေါင်းဆောင်တွေ ထိန်း သိမ်းခံရကာ လွတ်လပ်မှုတွေ ပျက်သုဉ်းနေချိန်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အများယုံကြည်လက်ခံမှု မရှိနိုင်ပါဘူး” လို့ တွမ်အန်ဒရူးက ဆိုပါတယ်။

တာဝန်ခံမှု၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ နိုင်ငံရေး ဆွေးနွေး မှု၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ခွင့် တောင်းဆိုခြင်းအားဖြင့် အာဆီယံအဖွဲ့ကို ခေါင်းဆောင်မှု ပြသဖို့ မြန်မာပြည်သူတွေက မျှော်လင့်နေတယ်လို့ ၎င်းက ပြောပါတယ်။

စစ်အုပ်စုက ဘုံသဘောတူညီချက် (၅) ရပ် ချိုးဖောက်ကြောင်း ဝန်ခံဖို့နဲ့ စစ်ကော်မရှင် တာဝန်ရှိ သူတွေကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်မပြုဖို့၊ အမျိုး သားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ မြန်မာပြည် သူတွေကို ကိုယ်စားပြုတဲ့ အရေးပါတဲ့ပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့ တွမ်အန်ဒရူးက အာဆီယံအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

ဒေသန္တရ အရပ်ဘက်အဖွဲ့အစည်းတွေမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအ ညီ ထောက်ပံ့တာ အပါအဝင် အကူအညီလိုအပ်နေတဲ့ ပြည်သူအားလုံးထံ စာနာမှုအကူအညီ ပေးအပ်ခွင့် ပြုဖို့လည်း ၎င်းက တောင်းဆိုခဲ့ပါတယ်။

“မြန်မာပြည်သူတွေဟာ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတိုက်ပွဲမှာ အထင်ကြီးလောက်ဖွယ် သတ္တရှိ မှုကို ဆက်လက်ပြသနေပါတယ်။ သူတို့လိုအပ်တာ လုပ်ဆောင်ချက်ဖြစ်ပြီး စကားလုံးတွေ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

ကိုးကား – Scoop
Ref; Myanmar: UN Expert Urges ASEAN Not To Step Backward By Recognising Junta’s ‘Sham Elections’ At Its 47th Summit