
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
ရုရှားရဲ့ ခြိမ်းခြောက်မှု ကြုံတွေ့နေရစဉ် နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုကြောင့် စစ်တပ်ကို ခေတ်မီလက်နက်၊ တပ်ဖွဲ့ဝင်တွေနဲ့ အင်အားတိုးချဲ့နေကြောင်း ဂျာမနီသမ္မတ ဖရန့်ခ်ဝေါ်လ်တာစတိန်မီ ယာက ပြောပါတယ်။
ဂျာမနီနိုင်ငံရဲ့ စစ်ရေးဘတ်ဂျက်နဲ့ တပ်ဖွဲ့ဝင်အင်အား သိသိသာသာ တိုးချဲ့မှုကို ဗီယင်နာမြို့တော် မှာ ဩစတြီးယားသမ္မတ အလက်ဇန္ဒားဗန်ဒါဘဲလန်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ၎င်းက အခုလို ပြော ကြားခဲ့တာပါ။
“အနာဂတ်မှာ စစ်ပွဲဆင်နွှဲလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ စစ်အင်အား တိုးချဲ့တာမဟုတ်ပါ ဘူး။ ပြောင်းလဲနေတဲ့ နိုင်ငံတာအခြေအနေအရ ကျွန်တော်တို့ လုံခြုံရေး တိုးမြှင့်ရပါမယ်” လို့ သူက ဆိုပါ တယ်။
ရုရှားရဲ့ လုပ်ရပ်တွေနဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ဂျာမနီနိုင်ငံက ကာကွယ်ရေးနဲ့ နိုင်ငံခြား ရေးမူဝါဒသစ် ချမှတ်ခဲ့ရတယ်လို့ ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နိုင်ငံခြား ရေးဝန်ကြီးအဖြစ် နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမား ဖရန့်ခ်ဝေါ်လ်တာက ပြောပါ တယ်။
“ဉရောပတိုက်မှာ လုံခြုံရေး အခင်းအကျင်း ပြောင်းလဲတာ ကျွန်တော်တို့ဆန္ဒ မဟုတ်ပါဘူး။ ရုရှား ရဲ့ ခရိုင်းမီးယားသိမ်းပိုက်မှုနဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် လုံခြုံရေးအခင်းအကျင်း ပြောင်းလဲရတာပါ” လို့ ၎င်းက ရှင်းပြပါတယ်။
ဥရောပတိုက်မှာ ရုရှားရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုရှိနေကြောင်း၊ လုံခြုံရေးမူ ဝါဒကို ကြိုတင်ပြင်ဆင်ရမှာဖြစ်လို့ စစ်တပ်အင်အား တိုးချဲ့နေခြင်းဖြစ်ကြောင်း သူက ဆိုပါတယ်။
ကိုးကား – Anadolu
Ref; Germany strengthening its military for deterrence amid Russian threat: President