ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

 

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာရှိ ဓနသဟာယ ဆန်စက်တွင် အောက်တိုဘာလ (၂၁)ရက်နေ့ကပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့ကာ လေးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ဆန်စက်တွင်ရှိသော ဘွိုင်လာအိုးကို ပြုပြင်ကာ မီးထိုးစမ်းသပ်ရာမှ အပူချိန်မြင့်တက်မှုကိုမထိမ်းနိုင်ပဲ ပေါက်ကွဲ မှုဖြစ်ပွါးကြောင်းသိရသည်။

“သေသွားတဲ့သူက ဘွိုင်လာအိုးကိုလာပြင်ပေးတဲ့သူပါ ပေါက်ကွဲမှုမှာပွဲခြင်းပြီးသွားတယ်၊ဆန်စက်တစ်ခုလုံးလဲပျက်စီးသွားတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

 

ပေါက်ကွဲမှုတွင်ဆန်စက်လုပ်သားအမျိုးသားသုံးဦးနှင့်အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့​ပြိီး ဖျာပုံဆေးရုံသို့ပို့ဆောင်ထားရသည်။

 

လက်ရှိတွင် ဆန်စက်ကို ရဲနှင်မီးသတ်များက လာရောက်စစ်ဆေးနေပြီး ဆန်စက်ပိုင်ရှင်အား အရေးယူရန်ပြင်ဆင်နေကြောင်း သိရသည်။