ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

ဂျပန် လွှတ်တော်အမတ်တွေဟာ ယနေ့ သဘောထားတင်းမာတဲ့ ရှေးရိုးစွဲ ဆာနေးတာကိုင်ချီကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခဲ့ရာ ခေတ်သစ်မှာ ဂျပန်နိုင်ငံကိုဉီးဆောင်တဲ့ ပထမဆုံး အမျိုးသမီး ဖြစ် စေပါတယ်။

အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ခေါင်းဆောင်သစ် အသက် ၆၄ နှစ်အရွယ် တာကိုင်ချီဟာ အနီးကပ်ဆုံးပြိုင်ဘက် ကွန်စတီကျူရှင်နယ် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် နိုဒါအား ၂၃၇ မဲ ၁၄၉ မဲနဲ့ အောက်လွှတ်တော်မှာ အနိုင်ရရှိခဲ့တာပါ။

တာကိုင်ချီအား အထက်လွှတ်တော်ကလည်း ထောက်ခံမဲ ၁၂၅ မဲ၊ ကန့်ကွက်မဲ ၄၆ မဲနဲ့ ဝန်ကြီး ချုပ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

အစိုးရအဖွဲ့မှာ အမျိုးသမီးကိုယ်စားပြုမှု နည်းပါးတဲ့ ဂျပန်နိုင်ငံမှာ ပထမဆုံး အမျိုးသမီးဝန်ကြီး ချုပ်ဖြစ်လာတဲ့ တာကိုင်ချီကို စိန်ခေါ်မှုတွေ ဆီးကြိုနေပါတယ်။

လုပ်ကြံခံရတဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ လက်ရင်းတပည့်ဖြစ်သူ တာကိုင်ချီဟာ စစ်တပ်အင် အားတောင့်တင်းမှု၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေ တင်းကျပ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်ဖို့ ထောက်ခံသူဖြစ်ပါတယ်။

တာကိုင်ချီဟာ စီးပွားရေးလုံခြုံမှု၊ ပြည်တွင်းရေးရာနှင့် လိင်တန်းတူညီမျှမှုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ဖူးတဲ့ ဝါရင့် နိုင်ငံရေးသမားတစ်ဉီး ဖြစ်ပါတယ်။

ဒီလအစောပိုင်းမှာ ဆာနေးတာကိုင်ချီဟာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်း ဆောင်သစ်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

ကိုးကား – NBC News
Ref; Sanae Takaichi becomes Japan’s first female prime minister